Ywa Ngan News

Ywa Ngan News

ရွာငံမြို့နယ်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ ညောင် ပင်သာ ကျေးရွာမှ ပြည်သူ ၅ ဦးကို ဖမ်းဆီးပြီး ဘုန်းကြီးကျောင်း၊ နေအိမ်များ အတွင်း မှ တန်ဖိုးကြီး ပစ္စည်းများကို စစ်သားများက ဖောက်ထွင်းခိုးယူ (ရုပ်သံ)

 

D Day News

မတ်လ ၂၆

 

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင်အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက် စစ်သား  ၇ ဦးသေဆုံးခဲ့ကြောင်း CRC – PLA တပ်ဖွဲထံမှ သိရသည်။

 

မတ်လ ၁၅ ရက်နေ့တွင် ရွာငံမြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့် ပြင်ညောင် ဘက်မှ ထွက်လာသော အကြမ်းဖက်စစ်သားများများကို မတ်လ ၁၅ ရက်နေ့တွင်တစ်ကြိမ်၊ မတ်လ ၁၇ ရက်နေ့တွင် တစ်ကြိမ်နှင့် မတ်လ ၂၁ နေ့တွင် တစ်ကြိမ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင်‌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။

 

“တပ်မ ၅၆ နဲ့ တပ်မ ၉၉ က စစ်ခွေးတွေ၊ ရွာငံကတစ်ကြောင်းနဲ့ ပြင်ညောင်ဘက်က စစ်ကြောင်း၊ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးလာတာ၊ အင်အားက ၁၉၀ လောက်ရှိမယ်၊ ကျောက်တောရွာနဲ့ ညောင် ပင်သာရွာကျေးရွာ ၂ ရွာလုံးက ဘုန်းကြီးကျောင်းရော၊ နေအိမ်တွေရော အကုန်လုံးဖောက် ထွင်းခိုးယူ သွားတာ၊ ညောင်ပင်သာရွာက စစ်ကြောင်းဆိုရင် စစ်ဘေးရှောင်ပြည်သူ ၅ ဦး ကို ဖမ်းဆီးထားပြီး တော့ အခုထိမထွက်သေးဘူး၊ ဘယ်လောက်ပါသွားလဲဆိုတာလည်း မခန့်မှန်းနိုင်သေးဘူး၊ တန်ဖိုး ကြီး ပစ္စည်းတွေပဲယူသွားတာ၊” ဟု CRC – PLA တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။

 

https://youtu.be/nMQs2dVyS5E

ယင်းအကြမ်းဖက်စစ်သားများသည် ရွာငံမြို့နယ်၊ ညောင်ပင်သာကျေးရွာအတွင်းဝင်ရောက်ပြီး စစ် ဘေး ရှောင်နေသော အသက်ကြီးပိုင်း ပြည်သူ ၅ ဦးကို ဓားစာခံဖမ်းဆီးထားကာ ဘုန်းကြီးကျောင်း အတွင်းရှိ အလှူခံပုံးများအပါအဝင် တန်ဖိုးရှိပစ္စည်းများကို ဖောက်ထွင်းခိုးယူခြင်း၊ ပြည်သူပိုင်နေ အိမ် များ အတွင်းရှိ တန်ဖိုးရှိပစ္စည်းများကို ဖောက်ထွင်းခိုးယူခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ရွာငံမြို့နယ်၊ ရနဲအုပ်စု၊ ကျောက်တောကျေးရွာ ဘုန်းကြီးကျောင်းနှင့် ပြည်သူ့နေအိမ်များ အတွင်းရှိ ပစ္စည်းများကို ဖောက်ထွင်းခိုးယူကာ ပန်းလောင်မြစ်ထဲသို့ ဆင်းသွားကြောင်း၊ ယင်းအ ကြမ်း ဖက်စစ်တပ် စစ်ကြောင်းများမှာ တပ် ၅၅ နှင့် တပ် ၉၉ မှ စစ်သားများဖြစ်ကြောင်း သိရသည်။

 

“တိုက်ပွဲကလည်း မထင်မှတ်ပဲဖြစ်သွားတာ၊ အဲဒီရွာ ၂ ရွာက တိုက်ပွဲဖြစ်မယ်မထင်ထားဘူး၊ မထင် မှတ်ပဲရောက်လာတာ၊ ဘာပစ္စည်းမှ မယူနိုင်ပဲ ထွက်ပြေးနေကြရတာ၊ ကျနော်တို့နေရာက မိတ္ထီလာ လေတပ်နဲ့အရမ်းနီးတဲ့နေရာဖြစ်တော့ သူတို့က‌တော်တော်လေးအာရုံစိုက်လုပ်တာ၊” ဟု CRC – PLA တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန်လာသည့် စစ်ကြောင်းကို ဖြတ်တိုက်ခိုက်မှု စစ်သား ၃၀ ကျော် သေဆုံး၊ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများ...