Yinmarbin News

Yinmarbin News

ယင်းမာပင်မြို့နယ် သီတဂူဘုန်းကြီးကျောင်းမှ ထွက်လာသော ဒုရဲအုပ်အပါအဝင် ၆ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ရဲ ၆ ဦးစလုံးသေဆုံးပြီး သေနတ် ၆ လက်သိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၁၂

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သီတဂူဘုန်းကြီးကျောင်းမှ ထွက်လာသော ဒုရဲအုပ်တစ်ဦးအပါအ ဝင် ရဲ ၆ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၆ ဦးစလုံးသေဆုံးသွားပြီး သေနတ် ၆ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ပြီးခဲ့သည့် မေလ ၁၇ ရက်‌ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က ယင်းမာပင်မြို့နယ်၊ အောင်ဇေယျ စစ်မှု ထမ်းဟောင်းရပ်ကွက်၊ သီတဂူဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်သော ဒုရဲအုပ်တစ်ဦး အပါဝင် ရဲ ၆ ဦး Probox ကားတစ်စီး ဆိုင်ကယ် ၃ စီးဖြင့် ကျောင်းထဲမှ ထွက်ခွာလာရာ ကျောင်းနှင့်မလှမ်းမကမ်း အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ဦးစလုံးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူများတွင် ဒုရဲအုပ်တစ်ဦး၊ ဒုတပ်ကြပ် ၂ ဦး (သစ်တောရဲ ၁ ဦး) ရဲတပ်သား ၃ ဦး (သစ် တောရဲ ၁ ဦး) တို့ ဖြစ်ပြီး ၎င်းတို့ ကိုင်ဆောင်အသုံးပြုသော G-3 အမျိုးအစား သေနတ် ၃ လက်၊ HK-33 အမျိုးအစား သေနတ် ၁ လက်၊ အူဇီ အမျိုးအစား သေနတ် ၁ လက်၊ M-16 အမျိုးအစား သေတ် ၁ လက် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ ရဲများကို မေလ ၁၈ ရက် ညနေ ၃ နာရီအချိန်တွင် အလုံတပ်မြို့ အထွက်ဂိတ်အနီး ရှိ သုဿန်တွင် မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ်တိုက်နယ် ၁ ပကဖ အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအပြန် အလှန်ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်အစောပိုင်း...