Yinmarbin News

Yinmarbin News

ယင်းမာပင်မြို့တောင်ဘက်ရှိ ကင်းပုန်းစစ်သားများနှင့် မြို့အဝင်ဆိုင်ဘုတ်အနီးရှိ စစ်သာများကို တိုက်ခိုက်မှု ၆ ဦးသေဆုံး (ရုပ်သံ)

 

D Day News

မေလ ၂၉

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့တောင်ဘက်ရှိ ကင်းပုန်းစစ်သားများနှင့် မြို့အဝင်ဆိုင်းဘုတ်အနီး၌ စစ်သားများကို ၂ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း  Chindwin Toe Na Yar PDF ထံမှ သိရသည်။

 

မေလ ၂၇ ရက်နေ့ ည ၁၁ နာရီ ၃ဝ မိနစ် မှ ၁၂ နာရီထိ ယင်းမာပင်မြို့ တောင်ဘက်၌ ကင်းပုန်း ဝပ်နေသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တစ်ဖက်ပွင့် မိုင်းများ ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးကြောင်း သိရသည်။

https://youtu.be/uziCp5D7BfA

အလားတူ မေလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၃ဝ မိနစ်ခန့်တွင် ယင်းမာပင်မြို့အဝင် ဆိုင်းဘုတ် အနီးရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို တစ်ဖက်ပွင့်မိုင်းများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သားများထွက်လာသဖြင့် အပြန်အလှန်ပစ် ခတ်မှု ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သား ထိခိုက် သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDFနှင့် ဒေါင်းမင်းတပ်ရင်းခွဲ ၂ တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦးထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၁၄ ဦး အထိရှိလာပြီဖြစ် ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၅ ရက်...