Yesagyo News

Yesagyo News

ရေစကြိုမြို့နယ်၊ ဂွေးချိုပျူစောထီးစခန်းကို ဗုံးကျဲတိုက်ခိုက်မှု ပျူခေါင်းဆောင်လက်ထောက် တစ်ဦး သေဆုံး (ရုပ်သံ)

 

D Day News

မေလ ၁၅

 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဂွေးချိုပျူစောထီးစခန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူခေါင်း ဆောင်၏ လက်ထောက်ဖြစ်သူတစ်ဦး သေဆုံးသွားကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

 

မေလ ၁၃ ရက် နံနက် ၉ နာရီခန့်မှ ညနေ ၅ နာရီခန့်အထိ  ရေစကြိုမြို့နယ်၊ ဂွေးချိုပျူစောထီးစခန်း ကို ဒရုန်းဖြင့် အီနာဂါဗုံးသီး ၁၃ လုံးချ၍ ဝေဟင်တိုက်စစ်စတင်ဖော်ဆောင်ခဲ့ပြီးနောက် မေလ ၁၄ ရက် ည ၇ နာရီမှ အထိ အီနာဂါဗုံးသီး ၁၅ လုံး၊ 1 Kg အီနာဂါဗုံးသီး ၂၈ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဂွေး ချိုရွာ ပျူစောထီးခေါင်းဆောင် ဘုန်းကြီ၏ လက်အောက်ဖြစ်သေူ လူနာမည် သောင်းနိုင်လင်း၊ သာမဏေဘွဲ့အမည် ဦးသောမဏ ထိခိုက်သေဆုံးခဲ့ကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်သား၊ ပျူ စောထီး ၁၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

https://youtu.be/Yra_NxG0VaU

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖတပ်ရင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကြီးလေးသောအောင်ပွဲများနှင့် တိကျမှန်ကန်သောစစ်ဆင်ရေးများကို ဆက်လက်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း အသိ ပေး ထုတ်ပြန်ထားသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...