Yesagyo News

Yesagyo News

ရေစကြိုမြို့ပေါ်သို့ လက်နက်အပြည်အစုံဖြင့် ခြေလျင်ထွက်လာသည့် စစ်သားများကို မိုင်းဆွဲ တိုက် ခိုက်မှု ၂ ဦးအပြင်းအထန်ဒဏ်ရာရ

 

D Day News

မေလ ၃

 

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်သို့ လက်နက်အပြည့်အစုံဖြင့်ခြေလျင်ထွက်လာသည့် အကြမ်းဖက်စစ် သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ – ပကဖ ထံမှ သိရသည်။

 

မေလ ၃ ရက်နေ့က ရေစကြိုမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၅၈ တပ်ရင်းအတွင်းမှ ရေစကြိုမြို့ပေါ်သို့ သွားရောက် လက်နက်အပြည့်အစုံဖြင့် ခြေလျင်ထွက်လာသော အကြမ်းဖက် စစ်သား ၁၅ ဦးကို ပေကုန်းကျေးရွာအနီးအရောက် အသင့်ထောင်ထားသော ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တပ်နဲ့ မြို့နဲ့က နီးတယ်။ ၂ မိုင်ကျော်ကျော်လောက်ပဲ ဝေးမှာ။ လက်နက်အပြည့်အစုံ၊ ယူနီဖောင်းအ အပြည့်အစုံနဲ့ထွက်လာတာ၊ အရင်က ကားနဲ့သွားတဲ့အချိန် ကျနော်တို့အဖွဲ့က ပစ်ထားတော့ ခြေလျင် ထွက်လာကြတာ။ အဲဒါကို ရှေ့ထွက်မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာမှ ၂ ဦးကတော့ အပြင်း ဒဏ်ရာရရှိတာ၊ ထကို မလာနိုင်ဘူး၊ တော်တော်လေးကြာမှ သူ့လူတွေက လာတွဲခေါ်သွားတာ၊ ပြီး တော့ ရေစကြိုမြို့ပေါ်ဆက်မသွားပဲနဲ့ ခလရ ၂၅၈ တပ်ထဲကို ပြန်ဝင်သွားတယ်။ မိုင်းမိတဲ့ ၂ ဦး သေ မသေတော့ နောက်ဆက်တွဲသတင်းမသိရဘူး” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ရဲဘော်များက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...