Yesagyo News

Yesagyo News

ရေစကြိုမြို့နယ်၊ ခလရ ၂၅၈ တပ်ရင်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၁၁

 

မကွေးတိုင်း၊ ရေစကြိုမြို့၊ ခလရ ၂၅၈ တပ်ရင်းမှ အိမ်စီးကားဖြင့် ထွက်လာသော အကြမ်းဖက်စစ် သားများကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေစကြိုပကဖ ထံမှ သိရ သည်။

 

ယမန်နေ့ ဩဂုတ်လ ၁၀ ရက် ည ၈ နာရီခန့်က ရေစကြိုမြို့ ခလရ ၂၅၈ တပ်ရင်းမှ အိမ်းစီးကား ၂ စီး ဖြင့်ထွက်လာသော အကြမ်းဖက်စစ်သားများကို ခလရ ၂၅၈ တပ်ရင်းနှင့်တောင်အိုတာတိုင်စစ်ဆေး ရေးဂိတ်ကြား လမ်းတနေရာ အရောက် မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် အသင့်စောင့်ဆိုင်းပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကားမှ လမ်းဘေးထိုးရပ်သွားပြီး အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရ သည်။

“၂၅၈ နဲ့တောင်အိုတာတိုင်က နည်းနည်းတော့လှမ်းတယ်၊ ကျနော်တို့က ကြားတနေရာမှာ တိုက်ခဲ့ တာပေါ့။ မိုင်းဆွဲပြီးတော့ စောင့်ပစ်ခဲ့တာ။ မှန်လုံကားလေး၊ ပေါင်မုန့်ကားလိုဟာလေး၊ ၁၀ ယောက် ၁၅ ယောကလောက်တော့ပါမယ်။ ၂ စီးဆိုတော့၊ သူတို့က ကားနဲ့တောက်လျှောက်ပြေးတာ၊ ထိတဲ့ တစ်စီးကတော့ရပ်သွားတာတယ်၊ ခဏလောက်နေတော့ အဲဒီရပ်သွားတဲ့ကားကိုတောင်အိုတာတိုင် ဂိတ်လာ လာဆွဲသွားတာ။” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့သို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိကာ လမ်းဘေး ထိုးရပ်သွားသော ကားကိုလည်း ပစ်ခတ်တိုက်ခိုက်မှုပြီးဆုံးပြီး နာရီဝက်ခန့်အကြာ တောင် အိုတာတိုင်စစ်ဆေးရေးဂိတ်မှ စစ်သားများက လာရောက်ဆွဲယူသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် တပ်ဖွဲ့ဝင်များက တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...