Yenanchaung News

Yenanchaung News

ရေနံချောင်းမြို့နယ်တွင် အတင်းအဓမ္မစစ်သားစုဆောင်းနေသော ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းထွေးနှင့် ခလရ ၇၇ မှ တပ်ကြပ် ဖိုးလင်းတို့ ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

ဇူလိုင်လ ၂၄

 

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် အတင်းအဓမ္မစစ်သားစုဆောင်းနေသော ရွာသစ်ရပ်ကွက် အုပ် ချုပ်ရေးမှူးသန်းထွေးနှင့် ခလရ ၇၇ မှတပ်ကြပ်ဖိုးလင်းတို့ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွား ကြောင်း ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန် ရေနံချောင်းမြို့နယ်၊ ၊ ရွှေဘုံသာရပ်ကွက်၊ သခင် ဖိုးလှကြီး လမ်း‌၊ ပိတောက်ဖူး လက်ဖက်ရည်ဆိုင်တွင် ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းထွေး သည် လက်ဖက်ရည် သောက်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက်ပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူး သန်းထွေးသည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကို အခွင့်ကောင်းယူကာ မြို့ပေါ်ရပ်ကွက်များမှ အမျိုးသား၊ အမျိုးသမီး လူငယ်များအား အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲခြင်းတွင် တက်တက်ကြွကြွ ဦးဆောင်ပြီး လုပ်ဆောင်သူဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်မှုကို ရပ်တန့်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အကြိမ်ကြိမ်သတိပေးထားပြီး ဖြစ်သော်လည်း လိုက်နာခြင်းမရှိသဖြင့် ယခုကဲ့သို့ သုတ်သင်ရှင်းလင်းလိုက်ရခြင်းဖြစ်ကြောင်း အသိ ပေးထာသည်။

 

အလားတူ ဇူလိုင်လ ၂၀ ရက်နေ့တွင် ရေနံချောင်းမြို့ အခြေစိုက် ခလရ ၇၇ မှ တပ်ကြပ် ဖိုးလင်းသည် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးပြီး တော်လှန်ရေးတပ်ဖွဲ့တင်ဝင်များ၏ သတင်းများကို ထေက်လှမ်းနေ သဖြင့် သွားရောက်ဖမ်းဆီးရာ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားကြောင်း သိရ သည်။

 

မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောာင်စီ၊ ထောက်တိုင်များ၊ အပေါင်းပါများနှင့် နီးနီး ကပ် ကပ် သွားလာနေထိုင်ခြင်း မပြုကြရန်နှင့် ၎င်း၏ သွားလာလှုပ်ရှားမှုသတင်းများကို ပြည်သူ့ကာကွယ် ရေးအဖွဲ့များထံသို့ အချိန်နှင့် တပြေးညီသတင်းပေးပို့ကြပါရန်‌ မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တောင်သာမြို့နယ်တွင် ကြံဖွတ်ပါတီဝင်၊ မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၏ တူဖြစ်သူ စစ် ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဘိုရဲကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရွာပြင်၌ အလာင်းစွန့်ပစ်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၃   မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ကြံ့ဖွတ်ပါတီဝင်၊ မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၏ တူဖြစ်သူ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး...