Yenanchaung News

Yenanchaung News

ရေနံချောင်းမြို့နယ်တွင် ၂ ရက်တိုက်တိုက်ပွဲဖြစ်ပြီး PDF ရှေ့ကင်းပွိုင့်တဲစခန်းတစ်ခု မီးရှို့ဖျက်ဆီးခံရ

 

D Day News

ဇွန်လ ၈

 

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ရွှေတုတ်ကန်ကျေးရွာနှင့် မကျည်းရိုး(ကုက္ကိုခွ)ကျေးရွာတို့ တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီး PDF ရှေ့တန်းကင်းပွိုင့် စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ရေနံချာင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၄ ရက် နံနက် ၇ နာရီခန့်က ရေနံချောင်းမြို့နယ်၊ မိုးပေါက်ကန်၊ ညောင်ဇောက်ချောင်းလမ်း မှ မကျည်းတိုင်း အုပ်စု၊ ရွှေတုတ်ကန်ကျေးရွာဘက်သို့ အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်လာသော အ ကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပွိုင့်စခန်းငယ်တစ်ခု မီးရှို့ဖျက်ဆီးခံလိုက် ရကြောင်း သိရသည်။

“စခန်းမီးရှို့ခံရပေမယ့် ဆုံးရှုံးမှု မများပါဘူး။ ပစ္စည်းတွေပါသွားတာ မရှိသလို ကျနော်တို့ ရဲဘော် တွေ လည်း အထိအခိုက်မရှိပါဘူး။ ကင်းတဲပဲ မီးရှို့ခံရတာပါ။ ခွေးသေထိခိုက်မှုကတော့ စုံစမ်းဆဲပါပဲ။ စစ် ကြောင်းကတော့ ပြန်ဆုတ်သွားပြီ” ဟု ရေနံချာင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်စံသျှား က ပြောကြားသည်။

 

ဇွန်လ ၅ ရက် နံနက် ၉ နာရီခန့်တွင် ရေနံချောင်းမြို့နှင့် ထိစပ်လျက်ရှိသည့် ကျောက်ပန်းတောင်းမြို့ နယ်၊ စည်ပင်၊ ရှားတောစု ပျူစောထီးကျေးရွာများမှ အင်အား ၃၀ ခန့်ဖြင့် ထွက်လာသော အကြမ်း ဖက်စစ်သား၊ ပျူစောထီးများကို မကျည်းရိုး(ကုက္ကိုခွ) အုပ်စုအတွင်းရောက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် မကျည်းတိုင်းအုပ်စု ကျေးရွာတချိူ့မှ စစ်ဘေးရှောင် နေရသော ပြည်သူများ၏ အိမ်များအတွင်း ဝင်ရောက်မွှေနှောက်ကာ ပဲ၊ နှမ်း၊ ဆီတို့အပါအဝင် တန်ဖိုး ကြီး ပစ္စည်းများ ခိုးယူသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို ရေနံချောင်း(ပကဖ)၊ မကွေးခရိုင်အမှတ် ၂ တပ်ရင်း၊ ညောင်ဦးခရိုင် အ မှတ် ၄ တပ်ရင်း၊ မကွေးတိုင်း (ပကဖ) ဒရုန်းလက်ရုံးတပ်ဖွဲ့ (Brother Wing) မကွေးခရိုင် တိုက်ခိုက် ရေးတပ်ဖွဲ့ နှင့် Yenanthar Youth Force (YYF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

စဉ့်ကူးမြို့နယ်နှင့်မတ္တရာမြို့နယ်အစပ်ရှိ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးတည်ထောင်ထားသော မေတ္တာနန္ဒဆေးရုံကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးမွေးဖွားရန်ရောက်ရှိနေ သူ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရ၊ ဆေးရုံ၊ သားဖွားမီးယပ် ဆောာင်အပါအဝင် ၃ လုံး ပျက်စီး သံလွင်မြန်မာသတင်း ဇွန်လ ၂၃   မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နှင့်...