Yedashe News

Yedashe News

ရေတာရှည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဗုံးကြဲတိုက်ခိုက်

 

D Day News

ဧပြီလ ၂၈

 

ဧပြီလ ၁၄ရက်နေ့က ရေတာရှည်မြို့နယ်၊ သာဂရမြို့ ၊ ငှက်ပျောတောတံတားမှ စစ်ကြောင်း ထိုး ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ကိုးတန်းကျေးရွာအရောက် ဒရုန်း ဖြင့် ဗုံးသီးကျဲချတိုက်ခိုက်ပြီး မြေပြင် တိုက်ခိုက်ရေးရဲဘော်များမှ ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ကြေင်း သိရသည်။

 

ဆက်လက်၍ ဧပြီလ ၁၅ ရက်နေ့တွင် မြောင်းတူးကျေးရွာဝန်းကျင် နှင့် ဆွာ ကတို့ဆိပ်ရှိ အ ကြမ်းဖက် စစ်တပ် ဒရုန်း တပ်ဖွဲ့နေရာများကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ဧပြီလ ၁၆ ရက် နေ့ ၌ မြောင်းတူးကျေးရွာမှ ခင်တန်းကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မြေပြင် တိုက်ခိုက်ရေးတပ်ဖွဲ့ နှင့် အတူ လက်တွဲကာ ဗုံးကျဲတိုက်ခိုက် ခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁၇ ရက်နေ့၌ ထန်းပင်ကုန်းကျေးရွာအစပ်၌ ရင်ဆိုင်စစ်ဆင်ထားသော အကြမ်းဖက် စစ် ကောင် စီတပ်သားများကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာသွားပြီး တိုက်ခိုက် ရေး လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ ပွိုင့် ၈ ဖြင့် ပစ်ခတ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ ဒရုန်း တပ်ဖွဲ့ နှင့် တပ်ခွဲ ၃ ဒရုန်းတပ်ဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ၂၀၂၅ ခုနှစ်၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည်သူ့ရင်ခွင်ထံ ချိတ် ဆက်အလင်းဝင်ရောက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ကုန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊...