Yedashe News

Yedashe News

ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးရွာအနီးတွင် တိုက်ပွဲတွင် စစ်သား ၂၀ ခန့်သေဆုံးပြီး PDF ရဲဘော် ၂ ဦး ကျဆုံး

 

D Day News

ဧပြီလ ၁၈

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၂၀ ခန့်သေဆုံးကာ PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း အလယ်ပိုင်းတိုင်း စစ်ဌာန၊ တပ်ရင်း ၉၀၁ ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၇ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ ခန့်က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက် ဘက်ကမ်းမှ ခင်တန်းကြီးကျေးရွာဘက်သို့ ကူးလာသော အင်အား ၈၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ခန့် သေဆုံးပြီး စစ်သား အလောင်း ၂ လောင်းနှင့် သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

“သေတဲ့အလောင်းတွေကို ဆွဲထုတ်ပြီး ပြန်ဆုတ်ပြေးတာ။ အဲဒီမှာ ၂ ကောင်က အရှင်ကျန်နေခဲ့တာ၊ အဲဒီကျန်ခဲ့တဲ့ ၂ ကောင်ကို လက်နက်ချခိုင်းတာ မချလို့ ပစ်ရှင်းလိုက်ရတာ။ အဲဒီမှာ‌ သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တာပါ။ တိုက်ပွဲက မနက်ပိုင်းကတည်း ဖြစ်နေတာ၊ နေ့လည်ပိုင်းရောက်မှ ခင်တန်း ကြီးရွာဘက်ကို နယ်ခံပြည်သူတစ်ဦးကို လူသားဒိုင်းအဖြစ် လယ်ထွန်စက်မောင်းခိုင်းပြီး လယ်ထွန် စက်ကို ကာဗာယူတက်လာတာ။ စနိုက်ပါနဲ့ ပစ်တာက ၆ ကောင်သေတယ်၊ အားလုံး သေတာ ၂၀ ပဲ။ ကျဆုံးသွားရတဲ့ ကျနော်တို့ ရဲဘော် ၂ ဦးက ၁၂၀ မမ လက်နက်ကြီးထိတာ။ အသက်ပေးဆပ်သွားတဲ့ ရဲဘော်တွေကို ဦးညွတ်ဂုဏ်ယူပါတယ်။ စစ်အာဏာရူးတွေကို ဆက်လက်တွန်းလှန်သွားပါ့မယ်” ဟု အလယ်ပိုင်းတိုင်း စစ်ဌာန၊ တပ်ရင်း ၉၀၁ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ဆွာမြို့ရှိ စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် နေပြည်တော်တိုင်းစစ်ဌာန၊ ၉၀၁ တပ်ရင်း၊ တပ်ခွဲ ၃ တပ်ခွဲ မှူး ရဲဘော်ဇိုးလေးနှင့် စနိုက်ပါ ရဲဘော် ‌သရဲ(ခ) ဥက္ကာစိုးတို့ ကျဆုံးခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ၉၀၁ တပ်ရင်း၊ တပ်ရင်း ၃၅၀၁ တပ်ခွဲ ၄ ၊ တပ်ရင်း ၈၀၄ နှင့် စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့ (နေပြည်တော်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ချောင်းဦးမြို့ထွေအုပ်ရုံးနှင့်ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၂   စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့၌ တပ်စွဲထားသော စစ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် တစ်ဦးအပါအဝင် ၄...