Yedashe News

Yedashe News

ရေတာရှည်မြို့နယ်၊ သကြားစက်အနီးတွင် ကင်းလှည့်စစ်သား၊ ရဲများကို ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်မှု ၁၄ ဦးသေဆုံး

 

D Day News

ဧပြီလ ၁၂

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အမှတ် ၆ သကြားစက်အနီးတွင် ကင်းလှည့်စစ်သား၊ ရဲများကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၁၄ ဦးသေဆုံးခဲ့ကြောင်း Daung Minn Thar – Yedashe PDF တပ် ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၇ ရက် ည ၉ နာရီ ၁၂ မိနစ်အချိန်က ရေတာရှည်မြို့နယ်၊ အမှတ် ၆ သကြားစက်အနီး အင်း ပက်လက်ကျေးရွာ တာတမံလမ်းပေါ်တွင် ညဘက် ကင်းလှည့်လာသော အကြမ်းဖက် စစ်သား များကို သံတောင်မြောက်ပိုင်းအထူးဒေသ UG အဖွဲ့မှ အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁ ဦးမှာ အပြင်းအထန်ဒဏ်ရာဖြင့် တောင်ငူ ဆေးရုံ သို့ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားကြောင်း သိရသည်။

 

“၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၁ ဦးနဲ့ ရဲ ၃ ဦးစုစုပေါင်း ၁၄ ဦးသေတယ်၊ ၃ ဦးဒဏ်ရာရတယ်၊  သေဆုံးထိခိုက်ဒဏ်ရာရရှိမှု အတိအကျ သိရှိဖို့ အတွင်းအပြင် အကြိမ်ကြိမ် အထပ်ထပ်အတည်ပြုနေ ရလို့ သတင်းထုတ်ပြန်တာနောက်ကျသွားတာပါ၊ အဲဒီအတွက်မိဘပြည်သူတွေကို အနူးအညွတ် တောင်း ပန်ပါတယ်” ဟု Daung Minn Thar – Yedashe PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

အလားတူ ဧပြီလ ၉ ရက် နံနက် ၈ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ အမှတ် ၆ သကြားစက် ရဲစခန်း ဟောင်း အထွက်ရှေ့၌ ထပ်တိုးကင်းပုန်းချထားသော အကြမ်းဖက်စစ်သားများအားသံတောင်မြောက် ပိုင်းအထူးဒေသ UG တပ်ဖွဲ့မှ ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတပ်သား ၃ ဦး၊ အကြမ်းဖက် စစ်သား ၅ ဦး စုစုပေါင်း ၈ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးသွားသော အကြမ်းဖက်စစ်သား၊ ရဲများ၏ ရုပ်အလောင်းများကို တောင်ငူမြို့ဘက်သို့ သယ် ဆောင်သွားပြီး ဒဏ်ရာရသူ ၃ ဦးကို နေပြည်တော်စစ်ဆေးရုံသို့ ထပ်မံသယ်ဆောင်သွားကြောင်း သိ ရသည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

သပိတ်ကျင်းမြို့နယ်၊ အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အခြေစိုက် အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေး သင်တန်းကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၉ လုံးအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar - BWM က ထုတ်ပြန်သည်။ ယနေ့ ဩဂုတ်လ...