Ye U News

Ye U News

ရေဦးမြို့၊ မြောက်ဘက်အထွက်ရှိ လက်နက်ကြီး အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ စစ် သားများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သားအဖ နှစ်ဦးသေဆုံး

 

D Day News

ဇွန်လ ၂၁

 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ မြောက်ဘက်အထွက်ရှိ လက်နက်ကြီးအထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇွန် ၂၁ ရက် နံနက် ၉ နာရီ ၃၅ မိနစ်အချိန်ခန့်က ရေဦးမြို့၊ မြောက်ဘက်အထွက်ရှိ လက်နက် ကြီးအထိုင်းချကာ ပြည်သူများနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ သော စခန်းကို Fixed Wing Drone များဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ဗုံးသီး ၆ လုံးစလုံး ပစ်မှတ်ကို တိတိကျကျ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုသိရှိနိုင် ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

“သေဆုံးထိခိုက်မှုတော့ စုံစမ်းနေတုန်းပဲ၊ အဲဒီဂိတ်က စခတွေက စစ်ဆေးမှုကြမ်းတယ်၊ ပျူနဲ့ စခတွေ နဲ့ပေါင်းပြီး ဆိုးနေလို့ သွားချခဲ့တာ၊ ဟိုတနေ့ကလည်း လက်နက်ကြီးနဲ့ ရေဦးမြောက်ဖက်က ဖိန်းကား ရွာကို လက်နက်ကြီးနဲ့ထုလို့ သားအဖနှစ်ဦး ဆုံးသွားတယ်၊ အဲဒီဂိတ်က လှမ်းပစ်တာ၊ အဲဒီနေ့က ၃ လုံးပစ်တာ၊ တစ်လုံးက သားအဖနှစ်ဦးကို ထိသွားတာ၊ ဆန်စက်မှာ အလုပ်လုပ်နေတဲ့သားအဖနှစ်ဦး ပဲ။ အဲဒီဆန်စက်ကို ကျရောက်ပေါက်ကွဲပြီး သေတာ။” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ၊ ရေဦး PDF တပ်ဖွဲ့၊ ဒရုန်းတပ်စု ရဲ ဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို အစွမ်းကုန်ကြိုးစား တိုက်ခိုက် နေကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
SAC News

SAC News

စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီး ပဲခူးတိုင်းအတွင်း ပျောက်ဆုံးနေ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၃   ပဲခူးတိုင်းအတွင်း၌ အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီး ပျောက်ဆုံးနေကြောင်း ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့တွင် စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်သည်။   ဇူလိုင်လ ၁...