Ye U News

Ye U News

ရေဦးမြို့အထက ၁ ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဗုံးကျဲတိုက်ခိုက်မှု စစ်မှုမထမ်းမနေ ရဖြင့် ပေါ်တာဆွဲခံထားရသူ ၈ ဦးလွတ်မြောက်

 

D Day News

မေလ ၁၄

 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အထက ၁ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်မှုမထမ်းမနေရဖြင့် ပေါ်တာဆွဲခံထားရသူ ပြည်သူ ၈ ဦးလွတ်မြောက် လာခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရေဦး PDF ထံမှ သိရသည်။

 

ယနေ့ မေလ ၁၄ ရက် နံနက် ၇ နာရီအချိန်တွင် ရေဦးမြို့၊ အထက ၁ ကျောင်းအတွင်း၌ တပ်စွဲထား သောအကြမ်းဖက်စစ်သားများက ပြည်သူ ၃၀ ခန့်ကို စစ်မှုမထမ်းမနေရဖြင့် ပေါ်တာဆွဲထားကြောင်း သတင်းအရ ယင်းပြည်သူများ ပြန်လွတ်မြောက်နိုင်ရန် Fixed-Wing Drone ၂ စီးဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ပေးခဲ့ရာ မတရားဖမ်းဆီးခံထားရသူ ပြည်သူ ၃၀ ခန့်အနက် ၈ ဦးပြန်လည် လွတ် မြောက်လာခဲ့ကြောင်း သိရသည်။

 

“ကျနော်တို့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အချိန်မှာ ၈ ဦးလွတ်မြောက်လာခဲ့တယ်။ သူတို့ကို တော့ ကင်းပတ် ပြီးလိုက်ရှာတယ်လို့တော့ သတင်းရတယ်။ အဲဒီကျောင်းထဲမှာ ပြည်သူ ၃၀ လောက်ကို ပေါ်တာဆွဲပြီး ဖမ်းထည့်ထားတာ။ အခု ၈ ယောက်လွတ်လာတော့ ၂၀ လောက်တော့ကျန်သေးတယ်။ အဲဒီကျန်တဲ့ သူတွေက အရက်သမားနဲ့ ဝလို့ ထွက်မပြေးနိုင်တဲ့သူပဲကျန်မှာပါ။ ထွက်ပေးနိုင်တဲ့ လူငယ်တွေက တော့ ထွက်ပြေးကုန်ကြပြီ။ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ပေါ်တာဆွဲခံထားရတဲ့သူတွေ။” ဟု ရွှေဘို ခရိုင် တပ်ရင်း ၁၄ ရေဦး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း၊ရေဦး PDF မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ထွက်ပြေးလွတ်မြောက်လာသည့် ပြည်သူ ၈ ဦးကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ စစ်တပ်ဘန်ကာအတွင်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၄   ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ စစ်တပ်ဘန်ကာအတွင်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း...