Ye Phyu News

Ye Phyu News

ရေဖြူမြို့နယ်၊ သာယာမွန်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို တိုက် ခိုက်မှု အရာရှိတစ်ဦးအပါအဝင် စစ်သား ၇ ဦးသေဆုံး၊ မောရဝတီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လသားအရွယ် ကလေးတစ်ဦးအပါအဝင် မိသားစု ၄ ဦးစလုံးသေဆုံး

 

D Day News

ဇွန်လ ၁၀

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သာယာမွန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင် ရောက်လာသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၇ ဦး သေဆုံး ခဲ့ကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။

 

ဇွန်လ ၈ ရက်နေ့က နံနက် ၁၀ နာရီ ၅ မိနစ်အချိန်မှ မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်အထိ အကြမ်း ဖက်စစ်ကောင်စီ၏ မောရဝတီရေတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရေဖြူမြို့နယ်၊ ရာဖူးရွာသစ် အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးကာ ယင်းနေအိမ်အတွင်းရှိ လသားအရွယ် ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၄ ဦးစလုံးသေဆုံးသွားကြောင်း သိရသည်။

 

ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက သာယာမွန် ကျေးရွာ အတွင်းသို့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချိန်တွင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သဖြင့် ပြည် သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ခုံတိုက်ခိုက်ခဲ့ရာ နှစ် ဖက်အပြန်အလှန်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ အရာရှိ ၁ ဦးနှင့် ရဲဘော် ၆ ဦးသေဆုံးကာ ၆ ဦး ဒဏ် ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနစစ်ကြောင်း နှင့် ပူးပေါင်းမဟာမိတ် တပ်များ MSRF (မွန်ပြည်တော်လှန်ရေးတပ်) ၊ New Mon State Party-AD ၊ KTLA ၊ Saw Dragon Drone Force(ဒရုန်းအထူးတပ်ဖွဲ့) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ စက်တင်ဘာလ ၄ ရက်နေ့က ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၈၀၀ ခန့်...