Ye Phyu News

Ye Phyu News

ကလိန်အောင်မြို့အဝင်ရှိ စစ်ဆေးရေးဂိတ်နှင့် ခမရ ၄၁၀ တပ်ရင်းမှ စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

 

D Day News

မေလ ၂၃

 

တနင်္သာရီ တိုင်း ၊ ရေဖြူမြို့နယ် ၊ ကလိန်အောင် မြို့အဝင်တံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ရွှေဘီလုံးပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၂၂ ရက် နံနက် ၅ နာရီ ၂၅ မိနစ်အချိန်က အင်အား ၁၀ ခန့်ဖြင့် ကလိန်အောင်မြို့အဝင်၌ ပြည်သူများကို ဆက်ကြေးကောက် စစ်ဆေးနေသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

” ၄၀ မမ နဲ့ အလုံး ၂၀ ကျော်ပစ်ပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်ပဲ့ဝင်ပစ်ခဲ့တာ။ တံတား အောက် ဆင်းနေတဲ့ စခတွေက တံတားပေါ်ကို လှမ်းပစ်တယ်။ ဂိတ်ထဲကို ဝင်လုံးဖို့ လုပ်ခဲ့ပေမယ့် နယ်မြေ အနေ အထားအရ အခွင့်မသာလို့ မဝင်ဖြစ်တော့ပဲ ပြန်ဆုတ်လာခဲ့ရတာ” တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

 

ထို့သို့ တိုက်ခိုက်ခံရပြီးနောက် ဂိတ်ချက်ချင်းပိတ်ချလိုက်ကာ သေဆုံးစစ်သားများနှင့်ဒဏ်ရာရရှိသူ များကို ကားများဖြင့် မြို့ထဲသွားသို့ သယ်ဆောင်သွားကြောင်း သိရသည်။

https://youtu.be/Aapa4HdzBHk

အဆိုပါ တိုက်ခိုက်မှုကို ကလိန်အောင်မြို့အခြေစိုက် ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-K.L.A.S.B.L.၊ ကော်သူးလေ အာမီ (K.T.L.A) နှင့် ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (D.N.L.A) တို့ မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ဇင်းဘာရွာ သုဿန်အနီးတွင် ၂ ရက်ကြာ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၇ ရက် ညနေ ၃ နာရီမိနစ် ၃၀ အချိန်က ကလိန်အောင်မြို့အခြေစိုက် ခမရ ၄၁၀ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF ပူးပေါင်းတပ်ဖွဲ့များက ဇင်းဘာရွာသုဿန်အနီးအရောက် အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်တပ်မှ တပ်ကြပ်တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင်မေလ ၈ ရက် ညနေ ၄ နာရီခန့်တွင် ကလိန်အောင်မြို့အခြေစိုက် ခမရ ၄၁၀ တပ်ရင်းမှ အကြမ်းဖက်စစ်သား ၁၀ ဦးခန့်သည် ဇင်းဘာရွာအဝိုင်းအနီးသည့် ရေစုပ်စက်ဖြင့် ရေလာယူချိန် အနီး ကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးကာ တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို ကော်သူးလေ အာမီ – KTLA ၊ ထားဝယ်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -DNLA ၊ ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ K.L.A.S.B.L တို့ ပူးပေါင်းကာတိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရ သည်။

 

အကြမ်းဖက်စစ်သားများအထိနာသဖြင့် ညပိုင်းတွင် ခမရ ၄၁၀ တပ်ရင်းအတွင်းမှ ကလိန်အောင်မြို့ ထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အမှတ် ၃ ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက် ပေါက်ကွဲပြီး အသက် ၇၀ အရွယ် အဖွားဒေါ်တင်ကြည်၏ ဝမ်းဗိုက်ကို ကျည်စထိမှန်ခဲ့ပြီး ထားဝယ် မြို့ဆေးရုံသို့ ပို့ဆောင်ကုသထားရကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...