Ye Phyu News

Ye Phyu News

ရေဖြူမြို့ပေါ်တွင် စစ်သားများ လိုက်ပါလာသည့် ကားတစ်စီးကို ပြောက်ကျားတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

 

D Day News

ဇူလိုင်လ ၂၄

 

တနင်္သာရီတိုင်း၊ ရေဖြူမြို့ပေါ်တွင် အကြမ်းဖက်စစ်သားများ စီးနင်းလိုက်ပါလာသည့် ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF ထံမှ သိရသည်။

 

ဇူလိုင်လ ၂၂ ရက် ညနေ ၃ နာရီ ဝန်းကျင်ခန့်က ရေဖြူမြို့ပေါ်တွင် အကြမ်းဖက်စစ်သားများ လိုက်ပါ လာသည့် စီးနင်းလိုက်ပါလာသော ကားတစ်စီးကို ပြောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးကာ ၁ ဦး ထွက်ပြေးလွတ်မြောက်ထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ အပြန်အလှန်တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သားများထံမှ MA 3 အမျိုးအစား သေနတ် ၄ လက်၊ ကျည်ဘောက် ၁၂ ခု၊ အီနာဂါသီး ၇ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည် ၄၀၀ တောင့် နှင့် လက် ကိုင် ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ် မြောက် ရေးတပ်တော် (DNLA) တပ်ခွဲ ၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မိဘပြည်သူများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး အသိ/သတိပြု သွားလာနေထိုင်ကြရန် ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

စစ်ကောင်စီ၏ စစ်ကြောရေစခန်းတွင် ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် အင်းစိန် အကျဉ်းထောင်အတွင်း၌ ကျဆုံးသွားသော မဝတ်ရည်အောင်၏ ရုပ်အလောင်းကို ရေဝေးသုဿန်၌ ယနေ့ သင်္ဂြိုလ်မည်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၂   အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးစခန်းတွင် ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် အင်း စိန်အကျဉ်းထောင်၌ ကျဆုံးသွားသော နိုင်ငံရေး...