Ye News

ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာမှ ပျူခေါင်းဆောင် ဇံမင်းကို အရှင်ဖမ်းမိ (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၁

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာမှ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူခေါင်းဆောင် ဇံမင်း (ခေါ်) ခေါင်းဖြူကို အရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူခေါင်းဆောင် ဇံမင်း(ခ)ခေါင်းဖြူ ကို ၎င်းနေအိမ်၌ပင် ရေးဘီလူး အဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက် စစ်တပ်က ထုတ်ပေးထားသည့် လက်ပစ်ဗုံး ၂ လုံး၊ လက်ထိပ် စသည့်ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

https://youtu.be/JuIpyONuFQo

“သတင်းအချက်အလက်တွေ ရထားတာ ကြာပြီ။ သတိပေးတယ်။ သတိပေးလျက်နဲ့ ရှေ့ဆက်တိုး တော့ ကျွန်တော်တို့ သူ့ကို လက်ပစ်ဗုံး၊ သက်သေခံပစ္စည်း၊ လက်ထိပ်တွေနဲ့ တကွ ရွာထဲမှာ ဝင် ရောက် ဖမ်းဆီးရမိတယ်။ ပြန်လည်ခုခံတာ မရှိဘူး ။ ခုခံချိန်လည်း မရလိုက်ဘူး”ဟု‌ ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။

 

ဇံမင်း‌ (ခေါ်) ခေါင်းဖြူသည် ပျူသင်တန်းဆင်းထားသူ ဖြစ်ကာ ကျေးရွာများအတွင်းတွင် အကြမ်း ဖက် စစ်တပ်နှင့် ပူးပေါင်း၍ လောင်း ကစားဝိုင်းများ ဖွင့်ခြင်း၊ ပျူအနေဖြင့် လှုပ်ရှား၍ PDF များကို ဒုက္ခပေးခြင်း၊ လောင်းကစားဝိုင်းများ ထောင်၍ ကျေးရွာနေ ပြည်သူများကို ဒုက္ခပေးခြင်းများ လုပ် ဆောင်နေသူဖြစ်ကြောင်း၊ ထို့ကြောင့် ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...