Yaw Regional News

Yaw Regional News

ကျောက်ထုမြို့နယ်ခွဲ၊ အကြည်ပန်းမလွန်းရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ အကြောင်းမဲ့ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁၅ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရ

 

D Day News

မေလ ၁၀

 

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲ၊ အကြည်ပန်းမလွန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၅ ဦး သေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ မေလ ၉ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်က ကျောက်ထုမြို့နယ်ခွဲ၊ အကြည်ပန်းမလွန်း ကျေးရွာရှိ ကျောင်း ထိုင်ဘုန်းကြီးကျောင်း၌ ဒေသတွင်း သယ်ယူပို့ဆောင်ရေးအတွက် ယာဉ်ပိုင် ရှင်များ အစည်းအဝေး လုပ်နေစဉ် မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ ချခဲ့ရာ ဘုန်းကြီးကျောင်းအလုံးစုံ ပျက်စီးသွားပြီး ဘုန်းကြီးကျောင်းအတွင်းရှိ ပြည်သူ ၁၅ ဦးသေဆုံးကာ ၂၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

“ဘုန်းကြီးကျောင်းပေါ်တည့်တည့် ၃ ပတ်လောက် ဝဲပါတ်ပြီး ကျဲချတာဗျ။ တိုက်ပွဲဖြစ်တာလဲ မရှိဘူး၊ အကြောင်းမဲ့ကို ဗုံးကျဲချတာ။ တော်တော်ပြင်းထန်တယ်။ ဘုန်းကြီးကျောင်းပေါ်တည့်တည့်ကျပြီး ကျောင်းပြိုသွားတယ်၊ မီးလည်းလောင်သွားတယ်။ ဘုန်ကြီးကျောင်းက တိုင်ပဲကျန်တယ်။” ဟု ဒေသ နေပြည်သူတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သည့်အချိန်တွင် ဖုန်းလိုင်းများဖြတ်တောက် ပစ်ခဲ့ကြောင်း၊ ထို့အပြင် ကျောက်ထု အမြောက်တပ်မှလည်း ဒရုန်းဖြင့် ကင်းထောက်မှုပြုလုပ်ခဲ့ကာ ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်ပျံဝဲပြီး ပေါင် ၅၀၀ ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

“ကျောင်းပျက်စီးမှုရှင်းလင်းရေး လုပ်နေတုန်း ကျောက်ထုအမြောက်တပ်က လက်နက်ကြီးထုဖို့ လုပ် နေတယ်သတင်းရလို့ အလုပ်လုပ်နေတဲ့သူတွေ အကုန်ရှောင်နေကြရသေးတယ်။ ထုတော့ မထုဘူး ဗျ။ ထိခိုက်ပျက်စီးမှုတွေက အကုန်လုံးမရှင်းရ သေးဘူး။ ရွာသူ၊ ရွာသားတွေလည်း အကုန်ထွက် ရှောင် နေ ကြရတာ။ မီးကတော့ အခုညပိုင်းအထိ လောင်နေတုန်းပဲ။” ယောအလင်းတန်းမှ တာဝန်ရှိ သူ တစ်ဦးက ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးနေရ

ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးနေရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်း ထိုးပြီး ပြည်သူ ၅ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သဖြင့် ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ ၁၆ ရက်...