Yaw News

Yaw News

ကျောက်ဖြူမြို့နယ် စစ်တပ်၊ ရဲ တပ်ရင်း စခန်းသိမ်းတိုက်ပွဲများမှ ပြန်လည်သည့် YDF ရဲဘော်များကို ပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆို

 

D Day News

ဧပြီလ ၁၆

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်တပ်၊ ရဲ တပ်ရင်းစခန်းသိမ်းတိုက်ပွဲများမှ ပြန်လာ သည့် YDF ရဲဘော်များကို ပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။

 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ တိုင်းရင်းသားနယ်မြေတစ်ခုဖြစ်သည့် ရခိုင်ပြည်၊ ကျောက်တော်မြို့ရှိ အကြမ်းဖက်စစ်တပ်၊ ရဲ တို့၏ ရဲစခန်း ၊ ဗျူ၊ဟာကုန်းနှင့် တပ်ရင်း၊ တပ်မများကို ရခိုင့်တပ်တော်နှင့် အတူ တိုက်ခိုက်သိမ်းပိုက်ကာ စစ်ရေးအတွေ့အကြုံများရယူပြီး ပြန်လာသော YDF ရဲဘော်များကို ယောပြည်သူလူထုမှ အောင်သပြေပန်းဖြင့် ကြိုဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စစ်ရေးအတွေ့အကြုံ၊ စစ်ပညာရပ်များ ရယူကာ ယောဒေသကို အပြည့်အဝ ကာကွယ်ပေး နိုင်ရေးသာမက နိုင်ငံအနှံ့ စစ်အာရှင်ကျဆုံးရေး တိုက်ပွဲများတွင်လည်း ဆက်လက်ပါဝင်တိုက်ခိုက် သွားမည်ဖြစ်ကြောင်း၊ တော်လှန်ရေးအမြန်ပြီးမြောက်အဆုံးသတ်ရေးတိုက်ပွဲများကို ဆက်လက်ဆင် နွှဲသွားမည်ဖြစ်ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ – YDF က ထုတ်ပြန်ထားသည်။

 

ယောကာကွယ်ရေးတပ်သည် တော်လှန်ရေး ၃ နှစ်တာကာလအတွင်း အခြေခံစစ်သင်တန်းကို အပတ်စဉ် ၁၄ အထိ သင်ကြားပေးပြီးဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...