Yasagyo News

Yasagyo News

ရေစကြိုမြို့၊ ကပ်ကျော်ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက် ကင်းစောင့်ပျူတစ်ဦး အပြင်းအထန်ဒဏ်ရာရ (ရုပ်သံ)

 

D Day News

ဇွန်လ ၂၉

 

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၈ ရပ်ကွက်၊ ကပ်ကျော်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေသော ပျူစောထီးတစ်ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၇ ရက် ညနေ ၅ နာရီခန့်က ရေစကြိုမြို့၊ အမှတ် ၈ ရပ်ကွက်၊ ကပ်ကျော်ဘုန်းကြီး ကျောင်းတပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ပြောက်နည်းဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ကင်းစောင့်နေသော ပျူစောထီးတစ်ဦး ဗိုက်ပွင့်ထွက် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ရေစကြိုမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

https://youtu.be/OTVSEiercOU

“မသေဘူးဗျ၊ ဗိုက်တော့ ပွင့်ထွက်သွားတယ်၊ အဲဒါကို မသေဘူး။ ရေစကြိုဆေးရုံကြီးမှာ ဆေးကုနေ တယ်။ ဖြစ်တာက ၂ ခါဖြစ်ခဲ့တာ၊ ပထမ တစ်ခါဝင်ပစ်တော့ ဒီကောင်တွေဘက်က တစ်ယောက်ထိ သွား တယ်၊ ထိသွားတော့ ကျနော်တို့ ထွက်လမ်းကို လာပိတ်တဲ့အတွက် အရန်သင့်စောင့်နေတဲ့ ရဲဘော်တွေနဲ့ ဆက် ဖြစ်တာ၊ သူတို့ဘက်ကတော့ ၆၀ တွေရော ၈၁ တွေရော ငါးကြင်းမြီးတွေရော သုံးတယ်၊ ကျနော်တို့ ဘက်ကတော့ လက်နက်ငယ်နဲ့ပစ်တယ်၊ နောက်ပိုင်း ၄၀ မမ လက်နက်နဲ့ပဲ ပစ်ခတ်ခဲ့တာ၊ အပြန်အ လှန်ပစ်ခတ်တာ နာရီ ဝက်လောက်တော့ ကြာခဲ့ပါတယ်” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့- မြင်းခြံခရိုင်အမှတ် -၉ တပ်ရင်း ၊ YSO-TPG ပြောက်ကြားတပ်ဖွဲ့နှင့် ရေစကြိုမြို့နယ် (ပလဖ)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်သတင်း စက်တင်ဘာလ ၁၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး‌ သေဆုံးပြီး စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်း သူပုန်အပါအဝင် ၇ ဦး ဖမ်းဆီးရရှိ ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက...