Yasagyo News

Yasagyo News

ရေစကြိုမြို့နယ်၊ ဆင်ချောင်းပျူစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပျူ ၅ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဇွန်လ ၂၈

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းပျူရွာစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပျူ ၅ ဦး သေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှသိရသည်။

 

ယမန်နေ့ ဇွန်လ ၂၇ ရက် မွန်းတည့် ၁၂ နာရီခန့်မှ ညနေ ၆ နာရီခန့်အထိ ဒရုန်းဖြင့် ဗုံးသီး အကြီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပျူများ နေထိုင်ရာ စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပျူ ၅ ဦးသေဆုံး ကာ ပျူခေါင်းဆောင် ငလင်းအပါအဝင် ၇ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး မိတ္ထီလာဆေးရုံသို့ ရောက် ရှိသွားကြောင်း သိရသည်။

https://youtu.be/7smUzKUoFWo

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ Black cobra (ကမ္မတပ်ပေါင်းစု) ၊ Young force UG ၊ PKU Thurain ၊ အညာမြေ ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ Shwe Nyar Myae People Defense Force ၊ Southern YSO PDF နှင့် PKU N PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်သတင်း စက်တင်ဘာလ ၁၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး‌ သေဆုံးပြီး စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်း သူပုန်အပါအဝင် ၇ ဦး ဖမ်းဆီးရရှိ ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက...