Yasagyo News

Yasagyo News

ရေစကြိုမြို့နယ်၊ တောင်အိုဂိတ်မှ ထန်းရည်သောက်ထွက်လာသော စစ်သားတစ်ဦးကို ဖမ်းဆီးမှု လက်နက်ချထွက်ပြေးသွားသဖြင့် သေနတ် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ၊ ထွက်ပြေးသွား သည့်စစ်သားကို အခြား PDF တပ်ဖွဲ့တစ်ခုက ဖမ်းဆီး

 

D Day News

ဇွန်လ ၁၉

 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ တောင်အိုဂိတ်မှ ထန်းသောက်ထွက်လာသော စစ်သား တစ်ဦးကို ဖမ်းဆီးမှု လက်နက်ချထွက်ပြေးသွားသဖြင့် သေနတ် တစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း ပခုက္ကူခရိုင်တပ်ရင်း ၃ ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၉ နာရီအချိန်က ရေစကြိုမြို့နယ်၊ တောင်အိုရွာရှိ အကြမ်းဖက်စစ်တပ် ဂိတ်မှ စစ်သားတစ်ဦးသည် ထန်းရည်သောက်ရန် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်တပ်ရင်း ၃ ရဲဘော်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ လက်နက်ချထွက်ပြေးသွားသဖြင့် MA 1 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု ၊ 5.56 ကျည် ၄၅ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

“ပုံမှန် လေးငါးယောက် ထွက်လာနေကြမို့ စောင့်နေတာ ကြာပြီ၊ အခုက တစ်ယောက်တည်းထွက် လာတာ၊ ပစ်ခတ်မှုမရှိခဲ့ဘူး။ ကျနော်တို့က အရှင်ဖမ်းဖို့ ကြိုးစားတဲ့အပေါ် အခွင့်အရေးရပြီး လက် နက်တွေချပြီး ထွက်ပြေးသွားတာ၊ လိုက်ဖမ်းဖို့ကျ စစ်ကူအတွက်လည်း ပြင်ဆင်ရတာရော၊ အခြား အဖွဲ့တွေလည်းရှိနေတာမို့ လွတ်မြောက်သွားတာ” ဟု ပခုက္ကူခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

 

ထိုသို့ ထွက်ပြေးသွားသည့် အကြမ်းဖက်စစ်သားကို နယ်မြေချင်းထိစပ်နေသည့် အခြားတော်လှန်ရေး အဖွဲ့အစည်းတစ်ခုက ဖမ်းမိသွားကြောင်းသိရသည်။

 

ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်း အနေဖြင့်  အမေစု အပါအဝင် စစ်ကောင်စီ၏ မတရားဖမ်းဆီး အ ကျဉ်း ချထားခံရသူများအား အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်ရရှိအောင် အခြားတော်လှန်ရေး အဖွဲ့ အစည်းများနှင့်အတူ တော်လှန်ကဏ္ဍများတွင် ကြိုးစားလျက်ရှိကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...