Yasagyo News

Yasagyo News

ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်မှု စစ်သားအများအပြား ထိခိုက်သေဆုံး၊ မိုင်းဆွဲသည့်နေရာအား နယ်မြေရှင်းလင်းစဉ် လက်နက် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

  • စစ်တပ်က ပြည်သူ ၇ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်မီးရှို့ဖျက်ဆီး

 

D Day News

မေလ ၂၄

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာဘက်သို့ ဝင်ရောက်လသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများအများအပြား ထိခိုက်သေဆုံးခဲ့ပြီး မိုင်း ဆွဲသည့်နေရာအား နယ်မြေရှင်းလင်းစဉ် လက်နက် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ -YSO အဖွဲ့မှ ထံမှ သိရသည်။

 

မေလ ၁၇ ရက် နံနက် ၅ နာရီ ၁၅ မိနစ်အချိန်က ရေစကြိုမြို့နယ်၊ ကျောက်ထပ်ကျေးရွာ၊ သဲတော ကျေးရွာ၊ ဇီးတောကျေးရွာများသို့ တစ်ရွာလျှင် စစ်ကြောင်း ၂ ကြောင်း အင်အား အများအပြားဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခခဲ့ရာ ဇီးတောကျေးရွာသို့ ဝင်ရောက် လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ရွာအပြင်ဘက်တောင်ကုန်းများပေါ်မှနေ၍ တိုင်းမိုင်း၊ ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး ကစဉ့်ကလျား ဖြစ်သွားကာ နောက်ကြောင်းသို့ ၆ ဦးခန့် ထွက်ပြေးသွားကြောင်း သိရသည်။

“ဇီးတောရွာဘက်သို့ တက်လာတဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာပါ။ ခွေးသေထိခိုက်မှုနဲ့ပတ်သက်လို့ နောက်ဆက်တွဲသတင်းအတိအကျတော့ မသိရသေးပါဘူး” ဟု ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ -YSO အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းအကြမ်းဖက်စစ်သားများသည် ဇီးတောကျေးရွာ၊ ကျောက်ထပ်ကျေးရွာတို့ကို ဝင်ရောက်မီးရှို့ခဲ့ ပြီး ပြည်သူ ၇ ဦးနှင့်ဆိတ်၊ နွားများကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က မီးရှို့ မှုကြောင့် နေအိမ် ၁၀၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။

 

မေလ ၂၀ ရက်နေ့တွင် အကြမ်းဖက်စစ်သားများ လုံးဝဆုတ်ခွာသွားပြီးနောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ သည့်နေရာအား မေလ ၂၁ ရက်နေ့တွင် ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ အ ကြမ်းဖက်စစ်သားများ အသုံးပြုသော MA1 သေနတ် ၃ လက်၊ MA3 သေနတ် ၂ လက် ၊ ၎င်းကျည်း ဘောက် ၉ ဘောက်၊ ၅ ဒသမ ၅၆ ကျည် ၁၆၈ တောင့်နှင့် ကျည်ကာခံပြားပါ အီကွေးမန့် ၂ စုံတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုနှင့် နယ်မြေရှင်းလင်းမှုကို ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ – YSO နှင့်မ ဟာ မိတ်အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ – YSO အနေဖြင့် ကျည်များ ထပ်မံဝယ်ယူရန် အခက်အခဲဖြစ်ပေါ်နေသဖြင့် ပြည်တွင်း၊ ပြည်ပရှိ ထောက်ပို့ ပြည်သူများက ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ် တိုက်ခိုက်မှု G2 အပါအဝင် ၂၀ ဦး ထက်မနည်းသေဆုံး

ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ် တိုက်ခိုက်မှု G2 အပါအဝင် ၂၀ ဦး ထက်မနည်းသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ G2 အပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU -မြိတ်-ထား ဝယ်ခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။ ဩဂုတ်လ ၂၅ ရက် မွန်းတည့်...