Yasagyo News

Yasagyo News

ရေစကြိုမြို့ အငြိမ်းစားဆရာကြီး ဦးအောင်ခင်နှင့် အငြိမ်းစားဆရာမကြီး ဒေါ်ကြည်တင့်တို့ကို ရေစ ကြို မြို့မှ ရဲစခန်းနှင့် ခလရ ၂၅၇ နှင့် ခလရ ၂၅၈ တပ်ရင်းမှ စစ်သားများ ပူပေါင်းသတ်ဖြတ်ခဲ့ဟု ရေစကြို ပကဖ ထုတ်ပြန်

 

D Day News

မေလ ၂၁

 

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၇ ရပ်ကွက်တွင်နေထိုင်သော အငြိမ်းစား ဆရာကြီး ဦးအောင်ခင် နှင့်အငြိမ်းစား ဆရာမကြီး ဒေါ်ကြည်တင့်တို့ကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရေစကြိုမြို့မရဲ စခန်းနှင့် ခလရ ၂၅၇ ၊ ခလရ ၂၅၈ တပ်ရင်းတို့မှ အကြမ်းဖက်စစ်သား၊ ရဲတို့ ပူးပေါင်းပြီး သတ်ဖြတ် လိုက်ခြင်းဖြစ်ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေစကြို ပကဖ က ထုတ်ပြန် သည်။

 

မေလ ၁၈ ရက် ညပိုင်းက ရေစ​ကြိုမြို့၊ အမှတ်၇ ရပ်ကွက်နေ အငြိမ်းစား ကျောင်းဆရာကြီး ဦး အောင်ခင်နှင့် ၎င်း၏ဇနီး အငြိမ်းစား ဆရာမကြီးဒေါ်ကြည်တင့်တို့ကို မြို့မ ရဲစခန်းမှ ရဲတချို့နှင့် ခလရ၂၅၇ ၊ ခလရ၂၅၈ တပ်ရင်းတို့မှ စစ်သားအချို့ စုစုပေါင်း ၁၃ ဦးခန့်မှ ပူးပေါင်းကြံစည်သတ် ဖြတ်ကာ ရွှေထည်နှင့်တန်ဖိုးကြီးပစ္စည်းအချို့ယူဆောင်သွားကြောင်း သိရသည်။

 

အငြိမ်းစားဆရာကြီးဦးအောင်ခင်နှင့် အငြိမ်းစား ဆရာမကြီး ဒေါ်ကြည်တင့်တို့ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဆရာကြီး၊ ဆရာမကြီးတို့၏ တပည့်များဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် ပကဖ မှ တာဝန်ရှိပုဂ္ဂိုလ်အချို့ ဦးဆောင်ကာ သတင်းအချက်အလက်၊ သဲလွန်စများ စုဆောင်းပြီး စုံစမ်းစစ်ဆေးခဲ့ကြကြောင်း၊ ထိုသို့စစ်ဆေးရာ ရဲစခန်းမှ ရဲအချို့နှင့် စစ်ကောင်စီတပ် သားများ ပူးပေါင်းကာ သတ်ဖြတ်ခဲ့သည့် သိရှိရခြင်းဖြစ်ကြောင်း သိရသည်။

ရေစကြိုမြို့နေ အငြိမ်းစား ဆရာကြီးဦးအောင်ခင်နှင့် အငြိမ်းစား ဆရာမကြီးဒေါ်ကြည်တင့်တို့အား နေအိမ်အတွင်း ဝင်ရောက်ပြီး လူမဆန်စွာ လုယက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အပြစ်ပေးအရေး ယူနိုင်ရေး လုပ်ဆောင်လျက်ရှိပြီး ပြည်သူလူထုအပေါ် လုယက်အကြမ်းဖက်သတ်ဖြတ်သူ မည်သူ ကို မဆို အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအား အကြမ်းဖက်ခြင်း ၊လုယက်ခြင်း ၊ သတ်ဖြတ်ခြင်းများ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေသော မင်းအောင်လှိုင်နှင့် အပေါင်းအပါ များကို အမြစ်ပြတ်သုတ်သင်ချေမှုန်းသွားမည်ဖြစ်ကြောင်း ရေစကြိုမြို့နယ် ပကဖက အသိပေး ထုတ် ပြန်ထားသည်။

 

သေဆုံးခဲ့ အငြိမ်းစား ကျောင်းဆရာကြီး ဦးအောင်ခင်သည် အသက် ၇၀ အရွယ်ဖြစ်ပြီး ၎င်း၏ဇနီး ဖြစ်သူ ဒေါ်ကြည်တင့်မှာ အသက် ၆၅ နှစ်အရွယ်ဖြစ်ကြောင်း၊ နေအိမ်တွင် နှစ်တည်းနေထိုင်ကာ ကလေးများကို ဆက်လက်ပညာသင်ကြားပေးနေကြသူများဖြစ်ပြီး နံနက်မိုးလင်းပိုင်း ကလေးများ စာသင်လာချိန်တွင် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်များကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကက်သလစ်ဘုန်း တော်ကြီး ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်သူများအား NUG စစ်ခုံရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ်အနှစ် ၂၀ ချမှတ်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၆   စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကက် သလစ် ဘုန်း တော်ကြီး...