Yasagyo News

Yasagyo News

ရေစကြိုမြို့ ထွေအုပ်ရုံး၌ သင်္ကြန်ပွဲလုပ်ကာ သောက်စားပျော်ပါးနေသော စစ်သားများကို တိုက်ခိုက် မှု ၁ ဦးသေဆုံး၊ စစ်သားများက ရပ်ကွက်အတွင်းရှိ ပြည်သူ့နေအိမ် ၂ လုံးကိုမီးရှို့ဖျက်ဆီး

 

D Day News

ဧပြီလ ၁၆

 

မကွေးတိုင်း၊ ရေစကြို့မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ သင်္ကြန်ပွဲပြုလုပ်ကာ သောက်စား ပျော်ပါးနေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Myingyan Black Tiger တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၁၄ ရက် ညနေ ၄ နာရီ မိနစ် ၂၀ အချိန်ခန့်က ရေစကြိုမြို့ အထွေထွေအုပ်ချုပ်ရေး မှူးရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် သင်္ကြန်ပွဲပြုလုပ်၍ သောက်စားပျော်ပါးနေ စဉ် ပြောက်ကျားနည်းဗျူဟာသုံး၍ ၄၀ မမ၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

https://youtu.be/ynUmIvpx_3k

“၄၀ မမနဲ့ ဆော်တာက မသေဘူး၊ သေနတ်နဲ့ ဝင်ပစ်တာက သေတာ၊ စစ်ခွေးတွေ မီးရှို့တဲ့ နေအိမ် ၂ လုံး ကတော့ ပြာကျသွားတယ်။ လူနေလား၊ မနေလားတော့ ကျနော်တို့လည်း မသိဘူး” ဟု Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သားများက အော်ဟစ်ဆဲဆိုကာ ရေစကြိုမြို့၊ ထင်း တန်းရပ်ကွက်နှင့် နဂါးရုံရပ်ကွက်မှ ပြည်သူ့နေအိမ်နှစ်လုံး မီးရှိဖျက်စီးသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့ နှင့်အတူ YSO-TPG ပြောက်ကြား တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မြို့ပြများကို ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နိုင်ရန်အတွက် “မြို့ပြဆီသို့” ကမ်ပိန်းအား ပူးပေါင်းပါဝင်ကူညီပေးကြပါရန် Myingyan Black Tiger (MBT)တပ်ဖွဲ့ ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ အကြမ်းဖက်စစ်ကောင်စီ ရွေးကောက်ပွဲထောင်ချောက်ကို တော်လှန်ရေးအင်အားစုများအနေဖြင့် စုစည်းညီညွတ်စွာ လက်တွဲပြီး ကျော်ကြားပါရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန် ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် ပုံမှန်ပြုလုပ်နေကြဖြစ်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းပြောကြားခြင်းအစီ အစဉ်တွင်...