Yangon News

Yangon News

မြောက်ဥက္ကလာပမြို့နယ်ရှိ ၄၃၅ တပ်ရင်းဂိတ်ကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မတ်လ ၅

 

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ၄၃၅ တပ်ရင်းဂိတ်ကို လက်ပစ်ဗုံး ၂ လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ကြောင်း Freeland Attack Force – FLA ထံမှ သိရသည်။

 

ယမန်နေ့ မတ် ၄ ရက် ည ၈ နာရီ ၁၀ မိနစ်က မြောက်ဥက္ကလာပမြို့နယ်ရှိ အကြမ်းဖက်စစ် ကောင်စီ ၏ လက်အောက်ခံ အမှတ် ၄၃၅ တပ်ရင်း၏ ဂိတ်ပေါက်အတွင်းသို့ လက်ပစ်ဗုံး ၂ လုံး အသုံးပြု၍ ပစ် ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးထိခိုက်ပျက်စီးအခြေအနေ အသေးစိပ် သိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Freeland Attack Force- FLA နှင့် Yangon Army အဖွဲ့တို့ပူးပေါင်းကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျား ရဲဘော်များအနေဖြင့် ပစ်မှတ်မြို့နယ်မှ ဘေးကင်းစွာဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

 

ရန်ကုန်မြို့ပြတော်လှန်ရေး အင်အားစုအနေဖြင့် ရန်ကုန်မြို့ပြအား အကြမ်းဖက် စစ်ကောင်စီမှ လုံးဝ အုပ်ချုပ်၍ မရစေရန် အစွမ်းကုန်တွန်းလှန် ခုခံနေမည်ဖြစ်ပြီး ရန်ကုန်မြို့ပြနေ မိဘပြည်သူ လူထုနှင့် အတူ လျှို့ဝှက်စွာရှိနေမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ချောင်းဦးမြို့ထွေအုပ်ရုံးနှင့်ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၂   စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့၌ တပ်စွဲထားသော စစ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် တစ်ဦးအပါအဝင် ၄...