Yangon News

Yangon News

မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲများ ထိခိုက်မှုရှိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၄

 

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲများ ထိခိုက်မှုရှိကြောင်း Operation Flame အဖွဲ့က သတင်းထုတ်ပြန်သည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက် ညနေ ၆ နာရီ မိနစ် ၅၀ အချိန်က မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်း ဆုံ၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်ရှိ စစ်တပ် လက်အောက်ခံ မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို အ ဝေးထိန်းမိုင်း ၂ လုံး အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိပြီး အသေးစိပ် သိရှိ နိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ – Operation Flame အဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲခြင်းဖြစ်ပြီး ရဲဘော်များအားလုံး ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

Operation Flame အဖွဲ့အနေဖြင့် ရန်ကုန်မြို့ပြပြောက်ကျားလှုပ်ရှားမှုများကို ရန်ကုန်မြို့ပေါ်ရှိ တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းများနှင့်လက်တွဲကာ အကြမ်းဖက်စစ်ကောင်စီတပ်ကို အရှိန်မြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာနေ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ စန်းဌေးကို အရှင်ဖမ်းမိပြီး အမှုစစ်ဆေးရန်ခေါ်ထုတ်စဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၂   ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာနေ စစ်တပ်အတွက် အလုပ်လုပ်ပေးနေ သူ စန်းဌေးကို အရှင်ဖမ်းမိခဲ့သော်လည်း စစ်ဆေးရန်ခေါ်ထုတ်စဉ်...