Yangon News

Yangon News

မှော်ဘီတွင် စစ်တပ်ဂိတ်ကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်သား ၄ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၇

 

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ၄ လမ်းဂိတ်တွင်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းCivilian Military -SRDF ထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်က ပြည်သူများကို ဖမ်းဆီး၊ ငွေညှစ်ခြင်းနှင့် အတင်းအဓမ္မ စစ်သားသစ်အဖြစ် စုဆောင်းနေသည့် မှော်ဘီမြို့နယ်၊ လေးလမ်းဂိတ်ကို အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူများကို တင်းတင်းကြပ်ကြပ် စစ်ဆေးခြင်း၊ အနီးပတ်ဝန်းကျင်ရှိနေအိမ်များကို ဧည့်စာရင်းစစ်ဆေးခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

“မစ်ရှင် မဖော်ခင် စောင့်ကြည့်ချိန် ပြည်သူ ကား ၂ စီးကို သူတို့အတော်စစ်နေကြတယ်။ ပြည်သူကား ၂ စီးပြန်ထွက်ချိန် သူတို့ပြန်စုပြီး စားသောက်ချိန်မှ အဝေးထိန်း မိုင်းနဲ့ခွဲခဲ့တာပါ၊ စိုးမိုး နယ်မြေတွေ ဘာတွေ မလိုချင်ဘူး။ သူပုန် ပီသအောင် စခ ၊ပခ ကိုတော့ နယ်​မြေဒေသ မရွေး ကြိတ်ပါတယ်။ “ဟု ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း ဗိုလ်ကောက်ရိုးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Civilian Military -SRDF စစ်ဆင်ရေးစစ်ကြောင်းနှင့် ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

ကော့ကရိတ် -အင်းကြီးလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၂၀ ကျော်သေဆုံးဟုဆို   သံလွင်မြန်မာသတင်း ဇွန်လ ၁၈   ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကော့ကရိတ် - အင်းကြီးလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ် သား ၂၀ ကျော် သေဆုံးထားကြောင်း KNU သတင်းရင်းမြစ်ထံက သိရသည်။...