Yangon News

Yangon News

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စန်းငွေ ပစ်ခတ်ခံရပြီး ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၄

 

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်း ဘူတာရပ်ကွက် အုပ်ချုပ်‌ရေးမှူး စန်းငွေ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့ကြောင်း Freeland Attack Force ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

 

ယနေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီခန့်က စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရဲပြုတ်စန်းငွေ တစ် ဦးတည်းရှိနေစဉ် ဝင်ရောက်ပစ်ခတ်ခဲ့ရာ လက်နက်ချို့ယွင်းမှုဖြစ်ခဲ့ပြီး ဝမ်းဗိုက်ဒဏ်ရာရရှိခဲ့ကာ နောက်ဆက်တွဲအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရသူ စန်းငွေသည် ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခံရသူဖြစ်ပြီး ရပ်ကွက်အတွင်းသာမက မြို့နယ်အ ထွေ ထွေအုပ်ချုပ်ရေးမှူးရုံးတွင် လည်း ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးနေသူဖြစ်ကြောင်း၊ ရပ်ကွက်နေ ပြည်သူများအပေါ်တွင်လည်း မောက်မာရိုင်းစိုင်းနေပြီ မကြာခဏ ပြသနာရှာကာ စစ်မှုထမ်းကိစ္စတွင် လည်း တက်ကြွစွာပါလုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

 

စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍လည်း ၎င်းနှင့်ရင်းနီးသူ၊ ဆွေမျိုးတော်စပ်သူများ၏ သားသမီးများ ကို မထည့်ပဲ အခြားရပ်ကွက်နေပြည်သူများ၏ သားသမီးများကို စာရင်းလုပ်ပေးကာ ထိုးထည့်နေသူဖြစ် ကြောင်း၊ ထို့အပြင်စစ်မှုထမ်းအတွက်ဟုဆိုကာ တစ်အိမ်လျှင်ငွေ ငွေကျပ် ၂ သောင်းကောက်ခံကာ ပြည်သူလူထုကို ဒုက္ခပေးနေသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

Freeland Attack Force နှင့် မြို့ပြပြောက်ကျား မဟာမိတ်ရဲဘော်များအနေဖြင့် အကြမ်းဖက် ဖက် ဆစ် စစ်တပ်ကို ရှင်းလင်းနိုင်ရန် မြို့ပြကိုစွန့်ခွာခြင်းမရှိပဲ မိဘပြည်သူများအတူ လျှိုဝှက်စွာ နေထိုင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူ

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ပါမိုနဲ့ သုဿန်မြေနှင့် ဩတချောင်း သုဿန်မြေတို့ကို စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူထားကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၃ အတွင်းရှိ ပါမိုနဲ သုဿန် နှင့်...