Yangon News

Yangon News

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အနီးကပ်လုံခြုံရေးယူပေးနေသည့် ခလရ ၁၆ တပ်ရင်း ဂိတ်ကို ဗုံးခွဲတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၄

 

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်ကို အနီးကပ်လုံခြုံရေးယူပေးနေတဲ့ အင်းစိန်မြို့နယ်၊ ကြို့ ကုန်းအနောက်ရပ်ကွက်၊ ကြို့ကုန်းဘူတာအနီးမှာရှိတဲ့ ခလ၇ ၁၆ တပ်ရင်း ကင်းဂိတ်ကို ဗုံးခွဲတိုက် ခိုက်ခဲ့တယ်လို့ Gods Hand Force -GHF တပ်ဖွဲ့က ပြောပါတယ်။

 

မနေ့က (ဒီဇင်ဘာလ ၁၃ ရက်) ည ၈ နာရီ ၄၅ မိနစ် အချိန် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ် ကွက်၊ ကြို့ကုန်းဘူတာအနီးမှာရှိတဲ့ ခလရ ၁၆ တပ်ရင်းထိပ်မှာရှိတဲ့ လုံခြုံရေးကင်းဂိတ်ကို မိုင်းခွဲ တိုက်ခိုက်ခဲ့တာပါ။

အဲဒီ ခလရ ၁၆ တပ်ရင်းဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးမြို့တွေမှာ အခြေစိုက်ထား တဲ့ စစ်ကောင်စီရဲ့ လက်ကိုင်တုတ် အကြမ်းဖက်နှိမ်နင်းရေးတပ်တစ်ခုဖြစ်သလို အကြမ်းဖက်စစ် ခေါင်း ဆောင်မင်းအောင်လှိုင်ကိုလည်း အနီးကပ်လုံခြံရေးယူကာ ကာကွယ်ပေးနေတဲ့တပ်တစ်ခုဖြစ် တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီအနေနဲ့ ရန်ကုန်မြို့ပြမှာ လုံး၀ အုပ်ချုပ်ခွင့်မရဘဲ ဒေါက်တိုင်တွေကို ရိုက်ချိုးလို့ ရည်ရွယ် ချက်နဲ့ အညီ တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ မြို့ပြပြောက်ကျားရဲဘော်တွေအားလုံး ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ God’s Hand Forces (GHF) အဖွဲ့က ပြောဆိုထားပါတယ်။

 

ရန်ကုန်မြို့နေမိဘပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ဒေါက်တိုင် တွေ၊ လုပ်ငန်းနေရာတွေ၊ စစ်တပ်အထိုင်စခန်းတွေ၊ လှည့်ကင်းတွေနဲ့ ဝေးဝေးနေကြဖို့၊ ရှောင်ရှား သွားလာကြဖို့ ဆက်လက်မေတ္တာရပ်ခံထားပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံး ကို မီးရှို့ဖျက်ဆီး

ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံး ကို မီးရှို့ဖျက်ဆီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဂန့်ဂေါမြို့၊ ခလရ ၅၀...