Yangon News

Yangon News

မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံအနီးရှိ အမှတ် ၉၈၁ စစ်တပ် ဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

 

D Day News

အောက်တိုဘာလ ၂၈

 

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံအနီးရှိ အမှတ် ၉၈၁ အကြမ်းဖက်စစ်တပ် ဂိတ်ကို အဝေး ထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့‌ အောက်တိုဘာလ ၂၇ ရက် ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်ကို ဂုဏ်ပြုသောအားဖြင့် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံအနီးရှိ ခရေပင်လမ်း အမှတ် ၉၈၁ စစ်တပ် ဂိတ်ကို အဝေးထိန်းမိုင်းအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှုတစ်စုံတစ်ရာ သိရှိ ရ ခြင်း မရှိသေးသော်လည်း ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Dark Shadow အဖွဲ့မှ တပ်ဖွဲ့ဝင်ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူများ အားနေ့စဉ် ဒုက္ခပေးနေသော စစ်ကောင်စီ၏ မိစ္ဆာတပ်သားများကို သတိပေးသည့် အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

ယခုရက်ပိုင်းအတွင်း ဧည့်စာရင်းအကြောင်းပြ၍ မသက်ဆိုင်သောပြည်သူများ ၊ ရဲဘော်များ မတရား သဖြင့် ဖမ်းစီးခံရမှုများကို နေ့စဉ်ကြားသိနေရသည့်အပြင် မကြာသေးမီက ငရဲခန်းကို ဖြတ်သန်းခဲ့ရ သော ဘုတလင်ဖြစ်စဉ်မှ ပြည်သူများ၊ ရဲဘော်များကိုယ်စား လက်တုန့်ပြန်တိုက်ခိုက်သွားမည် ကြောင်း Dark Shadow အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

ဆက်လက်၍ အကြမ်းဖက်စစ်ကောင်စီထောက်တိုင် ပစ်မှတ်များကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ် သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ နှင့် ပတ်သတ်သော နေရာများ၊ စစ်ကောင်စီ သား၊ ရဲ၊ ပျူစောထီး၊ အရပ်ဝတ်စစ်သားများ စုဝေးရာနေရာများကို သွားလာခြင်းမပြုပဲ ဝေးဝေးမှ ရှောင်ရှားသွားလာနေထိုင်ပေးကြပါရန်‌ မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီး ဂိတ်ချဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီးတွင် ဂိတ်ချကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃...