Yangon News

မင်္ဂလာဒုံလေတပ်အရာရှိ လူပျိုဆောင်နှင့် ကြံ့ဖွတ်ပါတီရုံး ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် ဖောက်ခွဲ တိုက်ခိုက်

 

D Day News

ဧပြီလ ၁၈

 

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ လေတပ်အရာရှိ လူပျိုဆောင်နှင့် ကြံ့ဖွတ်ပါတီရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁၈ ရက် ည ၇ နာရီ မိနစ် ၅၀ အချိန်တွင် မင်္ဂလာဒုံ ကြံ့ဖွတ်ရုံးနှင့် မင်္ဂလာဒုံ လေတပ် အရာရှိ လူပျိုဆောင်တို့ကို လက်ပစ်ဗုံးဖြစ် ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်မှုရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Dark Shadow အဖွဲ့ “Urban Freedom” စစ်ဆင်ရေး အဖြစ် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး မစ်ရှင်ဆောင်ရွက်ခဲ့သော ရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာဖြင့် နေရပ်သို့ ပြန် လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

 

တော်လှန်ရေး တပ်ဖွဲများ၏ နိုင်ငံအနှံ့ စခန်းသိမ်းပွဲများနှင့်အတူ မြိုပြတွင်လည်း မကျန်စေရပဲ မြိုပြ အရိပ်ရဲဘော်များက အရေးတော်ပုံအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊  မြိုပြတွင်ရှိသော အကြမ်းဖက် စစ်ကောင်စီ နှင့် ပြည်သူကို ဖိနှိပ်အကြပ်ကိုင်ဒုက္ခပေးနေသော စစ် ကောင်စီအတွက် အလုပ်လုပ်ပေးနေသူများကို အမြစ်ပြတ်သည်အထိ ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...