Yangon News

Yangon News

အင်းစိန်မြို့နယ် လျှပ်စစ်မီတာရုံးစောင့် စစ်သားများကို လက်ပစ်ဗုံး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

 

D Day News

စက်တင်ဘာလ ၂၇

 

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် လျှပ်စစ်မီတာရုံးစောင့် စစ်သားများကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force- FLA ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် ည ၇ နာရီ မိနစ် ၂၀ အချိန်ခန့်က အင်းစိန်မြို့နယ် လျှပ်စစ်မီတာ ရုံး၀င်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကင်းစောင့်နေထိုင်ရာ သဲအိတ်ဘန်ကာ အတွင်းသို့ Freeland Attack Force- FLA ရဲဘော်များက လက်ပစ်ဗုံး ၂ လုံးအသုံးပြု၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်စဉ်တွင် လက်ပစ်ဗုံး၏ ပြင်းအားသက်ရောက်မှုနည်းပါးခဲ့သည်ကို တွေ့ရှိ့ရပြီး ပျက်ဆီး ထိခိုက်မှု အခြေအနေအား အသေးစိတ်မသိရှိရသေးသော်လည်း ရဲဘော်များ အနေဖြင့် ပစ်မှတ်မြို့ နယ်မှ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

Freeland Attack Force- FLA အင်အားစုအနေဖြင့် ရန်ကုန်မြို့ပြအား အကြမ်းဖက် စစ်ကောင်စီမှ လုံးဝ အုပ်ချုပ်၍ မရစေရန် အစွမ်းကုန် တွန်းလှန် ခုခံနေမည်ဖြစ်ပြီး ရန်ကုန်မြို့ပြတွင် အများပြည်သူ လူထုနှင့်အတူ လျှို့ဝှက်စွာ ရှိနေမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ်တွင် အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား ၂ ဦးကို ဆုငွေများချီးမြှင့်ကာ ကောင်း မွန်စွာ စောင့်ရှောက်ပေးထား

ပုလောမြို့နယ်တွင် အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား ၂ ဦးကို ဆုငွေများချီးမြှင့်ကာ ကောင်း မွန်စွာ စောင့်ရှောက်ပေးထား

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၂ ဦးအလင်းဝင်လာသဖြင့် ဆုငွေများချီးမြှင့် ကာ ကောင်းမွန်စွာ စောင့်ရှောက်ပေးထားကြောင်း တောကြီးမြွေဟောက်တပ်ဖွဲ့က ထုတ်ပြန်သည်။ စက်တင်ဘာလ ၂၉ ရက်နေ့က ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၃၃ တပ်ရင်းမှ စစ်မှုထမ်းတပ်သား အသက် ၂၉...