Yangon News

Yangon News

ရန်ကုန်မှော်ဘီရှိ အမျိုးသမီး ဗိုလ်သင်တန်းကျောင်းကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်မှု ထိခိုက်မှုရှိနိုင်

 

D Day News

စက်တင်ဘာလ ၁၈

 

ရန်ကုန်မြို့၊ မှော်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီဗိုလ်သင်တန်းကျောင်းကို ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Urban Special Operation (U.S.O) ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် ည ၇ နာရီ ၄၀ မိနစ်အချိန်က မြို့ပြအထူးစစ်ဆင်ရေး အဖြစ် မှော် ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဗိုလ်သင်တန်းကျောင်း အား ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ ကင်းဂိတ်နှင့် ကျောင်းအတွင်းကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုရှိနိုင်ကြောင်း သိရသည်။

“ဗိုလ်ကြီး မမတွေ မွေးထုတ်ပေးတဲ့ မှော်ဘီဗိုလ် သင်တန်းကျောင်းကို ခေါက်ချိုးလို့ခေါ်တဲ့ M 79 နဲ့ ဆော်ထားပါတယ်။ အထိအခိုက်စာရင်းတော့ မသိရသေးပေမယ့် မြေပြင်သတင်းအရ ဘေးနားက ရကသ ၄ (အရာခံအကြပ်ကြီးသင်တန်းကျောင်း) ထဲကိုတော့ သေချာပေါက် ကျတဲ့အနေအထား ရှိပါတယ်။ အဲဒီကျောင်းကလည်း ဆရာကြီးမလေးတွေ မွေးထုတ်ပေးတဲ့ကျောင်းပဲ။” ဟု CDM ဗိုလ် ကြီး ဇင်ယော်က သုံးသပ်ပြောဆိုထားသည်။

 

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အဆိုပါကျောင်းအနီးသွားလာခြင်အား အထူးသတိပြုသွားလာ ကြပါရန် Urban Special Operation (U.S.O) က မေတ္တာရပ်ခံထားသည်။

 

နောက်နောင်တွင်လည်း မိဘပြည်သူများအား မတရားမှုများပြုလုပ်ရန် ကြံဆောင်နေသော အကြမ်း ဖက်စစ်အုပ်စုတို့၏ စီးပွားရေးပိုင်ဆိုင်မှုများအပြင် ပက်သက်ဆက်နွယ်သူများ၊ ပက်သက်ဆက်နွယ်မှု များကို စစ်ရေးပစ်မှတ်တစ်ခုအဖြစ် မဟာမိတ်များနှင့်ပူးပေါင်း၍ စစ်ဆင်ရေးအား ဆက်လက် ဖော် ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ကန်ဒေါင့်တိုက်ပွဲသို့ ပို့ဆောင်သည့် စစ်ကူစစ်ကြောင်းမှ စစ်ကြောင်းမှူး မိုင်းထိထားပြီး စစ်သား ၁ ဦးသေဆုံးကာ ဟိုတစ်စု၊ ဒီတစ်စု ဖြင့် တပ်ပျက်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၁၅   စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်စခန်းသို့ ပို့ဆောင်သည့် စစ်ကြောင်းမှ စစ်ကြောင်းမှူး...