Yangon News

Yangon News

ရွှေပြည်သာ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်(ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၈

 

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ကြောင်း Black Tiger UG Team ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာ ၇ ရက်နေ့ ည ၇ နာရီ ၅ မိနစ်အချိန် ပြည်သူများကို အမျိုးမျိုးဒုက္ခပေးနေ သည့် အကြမ်းဖက်စစ်သား၊ အုပ်ချုပ်ရေးမှူးနှင့် ပျူများ စုစည်းနေထိုင်သည့် ရွှေပြည်သာမြို့နယ် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

https://youtu.be/kgnBvQYesXc

“အဲဒီရပ်ကွက်က VIP ရပ်ကွက်၊ အရင်တစ်ခါလည်း ဖြစ်ဖူးတယ်။ ပျူတွေ၊ အုပ်ကြီးတွေ ကြီးစိုးတဲ့ နေရာ၊ ရုံးရှေ့မှာဆိုရင် ကားလမ်းရှိတယ်၊ ကားလမ်းမပေါ်မှာ သဲအိတ်တွေကာပြီး ဘန်ကာတွေ တည်ဆောက်ထားတာ၊ ရုံးကလမ်းဘေးမှာတင်ပဲ။ ဘေးနားမှာ ဓမ္မာရုံလည်းရှိတယ်။ ဓမ္မရုံကအတွင်း ဘက်ကို မျက်နှာလှည့်ထားတာ။ အဲဒီဓမ္မာရုံထဲမှာလည်း ပျူတွေ၊ အုပ်ကြီးတွေ၊ စခတွေစုတွေစုတယ်။ ထိခိုက်သေဆုံးမှုတော့ မကြားမိသေးဘူး” ဟု ရွှေပြည်သာမြို့နယ်နေ ပြည်သူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို Black Tiger UG Team ရဲဘော်များနှင့် ရွှေပြည်သာမြို့နယ်ပကဖတို့ ပူးပေါင်းကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်အုပ်စုနှင့် ပူးပေါင်း၍ ပြည်သူကို ဒုက္ခ ပေးနေသူမှန်သမျှကို ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း Black Tiger UG Team က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့် ရရှိရေး သားဖြစ်သူ ကိုထိန်လင်းက တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူကို အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာကို မဖြစ်စေချင်ကြောင်း ၎င်းက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒေါ်ဆောင်ဆန်းစုကြည်နေမကောင်းဘူး” ဆိုသည့် သ တင်း မှာ မှန်ကန်မှုမရှိဟု...