Yangon News

Yangon News

မြောက်ဥက္ကလာပမြို့နယ်၊ စိန်ပန်းမြိုင်ယာဉ်ထိန်းရဲလိုင်းခန်းကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

 

D Day News

စက်တင်ဘလ ၆

 

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ စိန်ပန်းမြိုင်ယာဉ်ထိန်းရဲလိုင်းခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၅ ရက် ည ၈ နာရီ ၂၇ မိနစ်အချိန်က မြောက်ဥက္ကလာပမြို့နယ်ရှိ စိန်ပန်း မြိုင် ယာဉ်ထိန်းရဲတန်းလျားကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နောက်ဆက်တွဲထိခိုက်သေဆုံးပျက်စီးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေး(ပကဖ)မြောက်ဥက္ကလာပ နှင့်အတူ Yangon UG (YUPA) တို့ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အနေဖြင့် ရန်ကုန်တိုင်းနှင့် မြောက်ဥက္ကလာပ မြို့နယ် အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်မှန်သမျှကို တိုက်ခိုက်သွားမည် ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ စခန်းများ၊ ဂိတ်များ၊ စစ်ကောင်စီတပ်သားများ နေထိုင်ရာ နေရာများမှ ရှောင်ရှားသွားလာကြပါရန်အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တောင်သာမြို့နယ်တွင် ကြံဖွတ်ပါတီဝင်၊ မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၏ တူဖြစ်သူ စစ် ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဘိုရဲကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရွာပြင်၌ အလာင်းစွန့်ပစ်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၃   မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ကြံ့ဖွတ်ပါတီဝင်၊ မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၏ တူဖြစ်သူ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး...