Yangon News

Yangon News

လှည်းကူးမြို့နယ်၊ ညောင်ကုန်းရွာတွင် အုပ်ချုပ်ရေးမှူးနှင့်အပေါင်းပါများက ကျေးရွာနေပြည်သူများ ကို ညှင်းပန်းနှိပ်စက်နေ

 

D Day News

စက်တင်ဘာလ ၁

 

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးလမ်းပေါ်ရှိ ညောင်ကုန်းရွာနေပြည်သူများကို အကြမ်း ဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်အပေါင်းပါများက ကျေးရွာနေပြည်သူများကို ညှင်းပန်းနှိပ် စက်နေကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နှင့်အပေါင်းပါများသည် ကျေးရွာနေပြည်သူများကို ဧည့် စာရင်းမပေးပဲ စစ်တပ်ကိုခေါ်ကာ ဖမ်းဆီးခိုင်းခြင်း၊ အလုပ်သွားအလုပ်ပြန် ရွာသူ၊ ရွာသားများကို လည်း အလုပ်ပြန်အနည်းငယ်နောက်သည်ကိုပင် စစ်သားများကိုခေါ်ဆောင်ပြီးရိုက်နှက်ခိုင်းခြင်း၊ ထိပ်တုံးခတ်ထားခြင်း၊ အဓမ္မငွေတောင်းခံခြင်းများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

“ညောင်းကုန်းရွာမှာက ပိုဆိုးတယ်၊ ဧည့်စာရင်းမပေးပဲဖမ်းတာ၊ ရွာထဲအဝင်နည်းနည်းနောက်ကျရင် စစ်တပ်တိုင်ပြီးရိုက်ခိုင်းတယ်၊ ၆ ပေါက်ထဲထည့်တယ်။ ထည်ပြီးတော့လည်း ရိုက်နှက်တယ်။ စိတ်ပါ လက်ပါကို လုပ်ဆောင်နေကြတာ။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ကျွန်စုမြို့နယ်၊ မဲတောကျေးရွာ အုပ်ချုပ်ရေးမှူးအောင်မြင့်ကို ဝင်ရောက်ဖမ်းဆီး၊ စစ်တပ်က ရမ်း သမ်းပစ်ခတ်နေသည်ကို အခွင့်ကောင်းယူ၍ ထွက်ပြေးရန်ကြိုးစားမှုကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၇   တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်ချုပ်ရေးမှူး ဝင်ရောက်ဖမ်းဆီးခဲ့ပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်နေသည်ကို အခွင့်ကောင်းယူ၍ ထွက်ပြေးရန်ကြိုးစားသောကြောင့် ပစ်ခတ်ဖမ်းဆီး...