Yangon News

Yangon News

ရခိုင်ပြည်နယ်ကို ဗုံးကြဲတိုက်ခိုက်ရာတွင် အဓိကတာဝန်ယူခဲ့သည့် ဗိုလ်ချုပ် စိုးတင်လတ်နှင့် လေယာဉ် မှူး ၂ ဦး ရဟတ်ယာဉ် ပျက်ကျပြီး သေဆုံး

 

D Day News

ဩဂုတ်လ ၂

 

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် မှော်ဘီလေတပ်တွင် ရခိုင်ပြည်နယ်ကို ဗုံးကြဲတိုက်ခိုက်ရာတွင် အဓိက တာဝန်ရှိသူ ဗိုလ်ချုပ်စိုးတင်လတ်နှင့် လေယာဉ်မှူး ၂ ဦးတို့ ရဟတ်ယာဉ် ပျက်ကျပြီး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၂ ရက် နံနက်ပိုင်းက မှော်ဘီလေတပ်မှ ယူရိုကော့ပတာရဟတ်ယာဉ်သည်ရှေ့တန်း စစ်မြေပြင်သို့ သွားရန် ပျံတက်စဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်ပေါ်စီးနင်း လိုက်ပါလာသူ တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်နှင့် တွဲဘက်လေယာဥ်မှူး ဗိုလ်မှူး ကြီးမြသောင်း၊ အမျိုး သမီး လေယာဥ်မှူးတို့ သေဆုံးသွားကာ လေတပ်စစ်သား ၂ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ဗိုလ်ချုပ် စိုးတင်လတ်သည် စစ်တက္ကသိုလ် အပတ်စဉ် ၃၂ ဆင်းဖြစ်ပြီး စစ်ကောင်စီလေတပ်၏ အား ထားရ သည့် ထိပ်ပိုင်းအရာရှိတစ်ဦးဖြစ်ပြီး တိုက်လေယာဉ်အများအပြားအခြေစိုက်ထားသည့် မကွေး လေတပ်စခန်းကို ဦးစီးခဲ့စဉ်က ရခိုင်ပြည်နယ်ကို ဗုံးကြဲတိုက်ခိုက်သည့် အဓိက တာဝန်ရှိသူ ဖြစ် ကြောင်း သိရသည်။

 

ဗိုလ်ချုပ် စိုးတင်လတ်သည် တောင်ပိုင်းတိုင်း၊ လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးအဖြစ် မကြာ သေးမီက ရာထူးတိုးထားသူလည်းဖြစ်ကြောင်း သိရသည်။

 

ဗိုလ်ချုပ် စိုးတင်လတ်နှင့်အတူ ပျက်ကျသွားသည့် ရဟတ်ယာဉ်သည် Eurocopter 365 အမျိုးအစား ဖြစ်ပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၉ သန်းတန်ဖိုးရှိကာ ဘက်စုံသုံးရဟတ်ယာဉ်ဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်ထုတိုက်နယ်၊ ကံကြီးကျေးရွာအတွင်းသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံးပျက်စီး

ကျောက်ထုတိုက်နယ်၊ ကံကြီးကျေးရွာအတွင်းသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံးပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၇ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ ကံကြီးကျေးရွာအတွင်းသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း ယောအ လင်းတန်းထံမှ သိရသည်။ ယနေ့ ဩဂုတ်လ ၇ ရက် နံနက်...