Yangon News

Yangon News

ရန်ကုန်အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၂ ဦးကို တိုက်ပိတ်ပစ်၊ တစ်ဦးမှာ အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာ ပြင်းစွာ ခံစားနေရ

 

D Day News

ဇူလိုင်လ ၂၅

 

ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၂ ဦးကို တိုက်ပိတ်ပစ်ခဲ့ပြီး တစ်ဦး မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာ ပြင်းစွာ ခံစားနေရကြောင်း နိုင်ငံရေးအကျဉ်းသူ များအဖွဲ့ ထံမှ သိရသည်။

 

ဇူလိုင်လ ၂၀ ရက်နေ့ ညဘက်ပိုင်း အိပ်ဆောင်ချချိန်တွင် ကျန်းမာရေးမကောင်းသည့် သူငယ်ချင်း ဖြစ်သူထံသို့ သွားရောက်သည့် နိုင်ငံရေးအကျဉ်းသူတစ်ဦးနှင့် စာအုပ်သွားယူသည့်နိုင်ငံရေးအကျဉ်း သူတစ်ဦးတို့ကို အင်းစိန်ထောင်ရှိ စစ်တပ် လက်အောက်ခံ အကျဉ်းထောင် အာဏာပိုင်များက အပြစ် ကြီးကြီးမားမား မရှိပဲ တိုက်ပိတ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူနှစ်ဦးအနက် တစ်ဦးသည် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ ပြင်းပြင်းထန်ထန်ခံစားနေရသဖြင့် တိုက်ထဲမှ ထုတ်ပေးရန် အမျိုးသမီး အဆောင် ၁ နှင့် အဆောင် ၂ အဆောင် အကျဉ်းသူများက ဝိုင်းဝန်းအော်ဟစ်တောင်းဆိုရာ အင်းစိန်ထောင်မှ နှစ် ပွင့် အရာရှိ ဒေါ်သဲဇာခြည်ဝင်းသည် အမျိုးသား‌ထောင်ဝါဒါများ ခေါ်ယူ၍ နံပါတ်တုတ်များ၊ ကျဉ်စက် များ ဖြင့် ဝိုင်းဝန်းရိုက်ကာ အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ကြောင်း သိရသည်။

ထိုပြင် ဇူလိုင်လ ၂၁ ရက်နေ့တွင် တစ်ပွင့်အရာရှိများဖြစ်သည့် ဒေါ်အိဇာနည်ခိုင်၊ ဒေါ်သက်သက်ဇင်၊ ဒေါ်မြမြခိုင်တို့အပါအဝင် တစ်ရစ်၊ နှစ်ရစ် အရာရှိများ၊ အမျိုးသားထောင်ဝါဒါများဖြင့် အကြမ်းဖက်မှု များ ကို ဆက်လက် ကျူးလွန်ခဲ့ရာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားနေသည့် နိုင်ငံရေး အကျဉ်းသူ၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရသည့်အဆင့်သို့ ရောက်ရှိသွားကြောင်း သိရသည်။

 

အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အမျိုးသမီးဦးစီးမှူးမရှိဘဲ ဦးစီးမှူးကိုယ်စား နှစ်ပွင့်အရာရှိ ဒေါ်သဲဇာ ခြည်ဝင်းကို နိုင်ငံရေးအကျဉ်းသူများအား အကြမ်းဖက် အုပ်ချုပ်ရန်နှင့် ထောင်တွင်းဆူပူအုံကြွမှုများ ကို အုပ်ချုပ်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် အုပ်ချုပ်ခိုင်းထားကြောင်း နိုင်ငံရေးအကျဉ်းသူများ အဖွဲ့က စုံစမ်းထုတ်ဖော်ထားသည်။

 

ထိုကဲ့သို့ နိုင်ငံရေးအကျဉ်းသူများအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် စစ်တပ်လက်အောက်ခံ ထောင်အာ ဏာပိုင်များမှ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ကျူးလွန်‌နေခြင်းအ‌ပေါ် နိုင်ငံရေးအကျဉ်းသူများ အဖွဲ့အနေဖြင့် ‌စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသူများအတွက် တရားမျှ ရရှိစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့်လည်း ဝိုင်းဝန်းကူညီပေးကြပါရန် လေးစားစွာဖြင့် အသိပေး ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားကိုအောင်သူထက် ကို ထောင်ဝန်ထမ်းမှ ပုခုံးအဆစ်ပြုတ်သည်အထိ ရိုက်နှက်ပြီး တိုက်ပိတ်ထား   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၇   ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုအောင်သူထက် ကို အကျဉ်း ထောင် ဝန်ထမ်း စိုးမင်းဆိုသူမှ ပုခုံးအဆစ်ပြုတ်သည်အထိ ရိုက်နှက်ပြီး တိုက်ပိတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ...