Yangon News

Yangon News

ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားဝန်းရှေ့ရှိ စစ်ထောက်လှမ်းရေးရုံးချုပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုပျက်စီးမှုရှိ

 

D Day News

ဧပြီလ ၇

 

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကွင်းရှေ့ရှိ အကြမ်းဖက်စစ်တပ် လက် အောက်ခံ စစ်ထောက်လှမ်းရေးရုံးချုပ်ကို ရှေ့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံး ပျက်စီးမှုရှိနိုင်ကြောင်း Urban Special Force – USF ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၆ ရက် ည ၉ နာရီ ၈ မိနစ်အချိန်ကမင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်ထောက်လှန်းရေး ရုံးချုပ်ကို အဆင့်မြှင့် တာဝေးပစ် လျှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ် ခတ် တိုက်ခိုက်ခဲ့ရာ ပစ်မှတ် ဧရိယာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထခိုက်ပျက်စီးသေဆုံးမှု ရှိနိုင် ကြောင်း သိရသည်။

 

Photo – ပုံဟောင်း

အဆိုပါ တိုက်ခိုက်မှုကို မြို့ပြအထူးတပ်ဖွဲ့ (U.S.F) ၊ Shadow (S.A.F) နှင့် Brave Warriors For Myanmar (B.W.M) အဖွဲ့ မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ရခြင်းမှာ အကြမ်းဖက်စစ်ကောင်စီမှ တော်လှန်ပြည်သူများထံမှ မတရားသိမ်း ဆည်း ထားသောပစ္စည်းဥစ္စာများကို ထောက်လှန်းရေး ရုံးချုပ်တွင် ထားရှိပြီး စစ်တပ်အမည် ပေါက် ဖြင့်ပြန်လည်ရောင်းချမှုများ ပြုလုပ်နေသည့်အပြင် စစ်ရေးအရ အရေးကြီးသော ပစ်မှတ်တစ်ခုဖြစ်နေ သဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း အသိပေးသည်။

 

ပြည်သူများအပေါ် မတရားမှုများပြုလုပ်ရန် ကြံဆောင်နေသော အကြမ်းဖက်စစ်အုပ်စုတို့၏ စီးပွား ရေးပိုင်ဆိုင်မှုများအပြင် ပက်သတ် ဆက်နွယ်သူများ၊ ပက်သတ်ဆက်နွယ်မှုများကို စစ်ရေးပစ်မှတ် တစ်ခုအဖြစ် မဟာမိတ်များနှင့်အတူ စစ်ရေးလှုပ်ရှားမှုအားဆက် လက် ဖော် ဆောင်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ကြေညာထားသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ကရင်နီပြည်နယ် ၊လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို မြို့နယ်များတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ် တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးကာ ယင်းစစ်တပ် စစ်ကြောင်းများမှ စစ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို...