Yangon News

Yangon News

ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်ရုံးကို မိုင်းခွဲတိုက်ခိုက်

 

D Day News

ဇွန်လ ၁၂

 

ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၁ ရက် ည ၇ နာရီ ၃၆ မိနစ်အချိန်က ရွှေပြည်သာမြိုနယ် ၁၄ ရပ်ကွက် အုပ်ချုပ် ရေး မှုးရုံးကိုပြင်းအားမြင့် မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို ဆက် လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Dark Shadow အဖွဲ့၏ “Urban Freedom” စစ်ဆင်ရေး အဖြစ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး တိုက်ခိုက်မှုဆောင်ရွက်ခဲ့သော ရဲဘော်များလည်း နေရပ်သို့ ဘေးကင်းစွာဖြင့် ပြန်လည် ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

 

Dark Shadow အဖွဲ့ အရိပ်တပ်သားများသည် မည်သည့် အဖွဲအစည်း များနှင့်မှ မဟာမိတ်ပြုလုပ် ထား ခြင်း၊ ဖွဲစည်းမှုအောက်တွင် ပါဝင်ခြင်းမရှိဘဲ တရားမျှတမှုနှင့် လွတ်လပ်မှုကို လိုလားသော တော်လှန်ရေးတပ်သားများ စုပေါင်းဖွဲစည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

 

အရိပ်တပ်သားများ အားလုံးသည် ပြည်သူတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ နေထိုင်နိုင်ရေးနှင့် မတရားဖိနှိပ်ချုပ်ချယ်မှုများ မှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင်စီကို ဆက်လက် ချေမှုန်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းအသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...