Yangon News

Yangon News

အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက် (ရုပ်သံ)

 

D Day News

ဇွန်လ ၁

 

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ငယ်များ ဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Together Urban Froce အဖွဲ့ထံမှ သိရသည်။

 

မေလ ၃၀ ရက် ည ၇ နာရီ ၅ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေ ကို အသက်သွင်းပြီး ရပ်ကွက်နေပြည်သူများအပေါ် ဆက်ကြေးကောက်နေသော အနောက်ကြို့ကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Together Urban Froce အဖွဲ့မှ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီလက်ပါစေအုပ်ချုပ်ရေးမှူး၊ ပျူစောထီးများ ထိ ခိုက်မှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

https://youtu.be/mMibSKg8KdA

“ကျနော်တို့ရဲဘော်တွေ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်။ ကျနော်တို့ စစ်အာဏာရှင်ကို တော်လှန် တိုက်ခိုက်တဲ့နေရာမှာ မိဘပြည်သူတွေရဲ့ အကူညအညီလိုအပ်နေပါတယ်။ အဓိကလိုအပ်နေတာကို ကူညီပေးစေချင်ပါတယ်” Together Urban Froce အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ လုံး၀အုပ်ချုပ်ခွင့်မရရန် စစ် ကောင်စီ၏ ဒေါက်တိုင်များကို ရိုက်ချိုးမည်ဖြစ်ပြီး မိဘပြည်သူအနေဖြင့် စစ်ကောင်စီနှင့် ပက်သက် သော ဒေါက်တိုင်များ၊ လုပ်ငန်းဌာနများ၊ စစ်ကောင်စီ၏ အထိုင်ကင်းများ၊ လှည့်ကင်းများနှင့်ဝေးရာမှ ရှောင်ရှားသွားလာကြပါရန် အသိပေး မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ထားဝယ် - ရန်ကုန်ကားလမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်ကြားတွင် တိုက်ပွဲပြင်းထန်နေပြီး ခရီးသည်တင်ကားများ ပိတ်နေကာ ပြည်သူ ၄ ဦးကို လည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ထားကြောင်း ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း ၊ KTLA...