ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ(မူကြမ်း) ရေးဆွဲပြီးစီး၍ ရန်ကုန်လွှတ်တော်တင်ပြ

ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ(မူကြမ်း) ရေးဆွဲပြီးစီး၍ ရန်ကုန်လွှတ်တော်တင်ပြ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၉

ရန်ကုန်ဖက်ဒရယ်ယူနစ်၏ကြားကာလအစီအမံ(မူကြမ်း) ရေးဆွဲပြီးစီးသွားပြီဖြစ်ပြီး ရန်ကုန် လွှတ်တော်သို့ တင်ပြထားကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က ကျင်းပသော ရန်ကုန်လွှတ်တော် အဌမ အကြိမ်အစည်းအဝေး ဒုတိယနေ့၌ ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ (မူကြမ်း) ရေးဆွဲရေး ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါရာ အောက်တိုဘာလ ၁၄ ရက်နေ့က ရေးဆွဲခြင်းလုပ်ငန်းစဉ် ပြီးစီးခဲ့ပြီ ဖြစ်ပြီး ရန်ကုန်လွှတ်တော်တို့ တင်ပြထားကြောင်း သိရသည်။

ကော်မရှင်သည် ကြားကာလအစီအမံ(မူကြမ်း) ရေးဆွဲခြင်းလုပ်ငန်းတာဝန်များကို သတ်မှတ် ကာလ ထက် စောလျင်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး ကော်မရှင်အဖွဲ့ဝင်များ အားလုံး၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားလုပ်ဆောင်ချက်များအပေါ် လေးစားဂုဏ်ယူပါကြောင်းနှင့် ကြား ကာလအစီအမံ(မူကြမ်း)အား အောင်မြင်စွာရေးဆွဲနိုင်ရန် ပူးပေါင်းပါဝင်ခဲ့ကြသော အဖွဲ့အစည်းများ၊ အစုအဖွဲ့များနှင့်ပညာရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ရန်ကုန်လွှတ်တော်က ထုတ် ပြန်ထားသည်။

ရန်ကုန်ဖက်ဒရယ်ယူနစ်၏ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲရေးကော်မရှင်က ရေးဆွဲထားပြီး သောကြားကာလအစီအမံ(မူကြမ်း)အား ဥပဒေနှင့်အညီ လွှတ်တော်သို့ ပေးပို့တင်ပြပြီးဖြစ်သော ကြောင့် အောက်တိုဘာလ ၁၈ ရက်နေ့မှ စတင်၍ ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ (မူကြမ်း) ရေးဆွဲရေးကော်မရှင်၏ တာဝန်များ ပြီး ဆုံးပြီဖြစ်ကြောင်း အသိပေးကြေညာထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်နှင့် မိုင်းငေါ့မြိုနယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ ဇရပ်၊ လက်ဖက်စက်ရုံတစ်ရုံ၊ မီး သတ်ကား ၅ စီး၊ အိမ်စီးကား ၄ စီးနှင့် လူနေအိမ် ၁၀ လုံး ပျက်စီး

နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်နှင့် မိုင်းငေါ့မြိုနယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ ဇရပ်၊ လက်ဖက်စက်ရုံတစ်ရုံ၊ မီး သတ်ကား ၅ စီး၊ အိမ်စီးကား ၄ စီးနှင့် လူနေအိမ် ၁၀ လုံး ပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၉ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်နှင့် မိုင်းငေါ့မြိုနယ်တွင် စစ်တပ်က လေ ကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာရရှိပြီး ဘုန်းကြီး ကျောင်း၊ ဇရပ်၊ လက်ဖက်စက်ရုံတစ်ရုံ၊ မီးသတ်ကား ၅ စီး၊ အိမ်စီးကား ၄...