ရန်ကုန်မြို့၊ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းမှ ရဲဘော် ဟိန်းနိုင်ဇော်(ခ)အိုမီနှင့် မသိမ့်သီရိဝေ (ခ) မမြရင်တို့ စစ်တပ်က မတရားဖမ်းဆီးပြီး အကျဉ်းချထား

ရန်ကုန်မြို့၊ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းမှ ရဲဘော် ဟိန်းနိုင်ဇော်(ခ)အိုမီနှင့် မသိမ့်သီရိဝေ (ခ) မမြရင်တို့ စစ်တပ်က မတရားဖမ်းဆီးပြီး အကျဉ်းချထား

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၅

ရန်ကုန်မြို့၊ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းမှ ရဲဘော် ဟိန်းနိုင်ဇော် (ခ) အိုမီနှင့် မသိမ့်သီရိဝေ (ခ) မမြင်ရင်တို့ကို စစ်တပ်က မတရားဖမ်းဆီးပြီး အကျဉ်းချထားကြောင်း စမ်းချာင်းပင်မ သပိတ် စစ်ကြောင်းက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၃ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ လူထု လှုပ်ရှားမှုသပိတ်များတွင် ပြည်သူလူထုနှင့် ပူးပေါင်းလျက် စစ်အာဏာရှင်စနစ်ကို တော်လှန်လျက်ရှိသော စမ်းချောင်းပင်မသပိတ်စစ်ကြောင်း အဖွဲ့ဝင် ရဲဘော် ဟိန်းနိုင်ဇော် (ခ) အိုမီနှင့် မသိမ့်သီရီဝေ (ခ) မမြရင်တို့ နှစ်ဦးသည် မြေပြင်ကိစ္စသွား လာရင်း အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံရကာ အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးခံရပြီးနောက် စစ်တပ်၏ စစ်ကြောရေး ငရဲခန်းဖြတ်သန်း မှုများနှင့် လူအခွင့်အရေးချိုးဖောက်ခံရမှုများကို ရင်ဆိုင်ခဲ့ရပြီး လက်ရှိတွင် မတရားဥပဒေဖြင့် အ ကျဉ်းထောင်တွင် အကျဉ်းချထားကြောင်း သိရသည်။

အဆိုပါ ရဲဘော် ၂ ဦးဖမ်းဆီးခံရပြီးနောက် ကျန်ရှိနေသော ရဲဘော်များ၏ လုံခြုံရေးအခြေအနေ များကြောင့် ဖမ်းဆီးခံရသည့်အခြေအနေအကြောင်းအရာအား ချက်ချင်းသတင်းထုတ်ပြန်ရန် အခွင့်မသာခဲ့သဖြင့် ယခုမှ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း အသိပေးထားသည်။

စစ်တပ်၏ မတရားဖမ်းဆီးခြင်း ခံရသော စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၏ အဖွဲ့ဝင် ၂ ဦး သည် ရန်ကုန်မြို့ အကြမ်းမဖက် လူထုလှုပ်ရှားမှုများတွင် ဦးဆောင် ပါဝင်နေသူများ ဖြစ်ကြပြီး မြန်မာပြည် တွင် ဆိတ်သုဥ်းနေသည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အပါအဝင် လူ့အခွင့်အရေး၊ တန်းတူညီမျှ ရေး နှင့် ဒီမိုကရေစီအရေးတို့ပြန်လည်ရရှိရေးအတွက် ငြိမ်းချမ်းစွာလူထု တိုက်ပွဲနည်းလမ်းဖြင့် ပြည် သူ လူထုနှင့်တစ်သားတည်း ရပ်တည်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ပြောင်မြောက်ရဲဝံ့စွာ အံတုတိုက်ခိုက်ခဲ့သည့် ရဲဘော် ကိုအိုမီ နှင့် မမြရင် တို့ ၏ ဖမ်းဆီးခံရမှုအား ထပ်လောင်းကြိုးပမ်းကာ ကျန်ရှိနေသောရဲဘော်များက စည်းစည်းလုံးလုံး ဖြင့် တော်လှန်ရေးအောင်မြင်သည်အထိ ယခုထက်ပို၍ လူထုနှင့်အတူကြိုးပမ်းသွားမည်ဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တန့်ဆည်မြို့နယ်၊ သာဂရကျေးရွာနှင့် သာဂလကျေးရွာတို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးဒဏ်ရာရရှိပြီး နေအိမ် ၁၈ လုံးပျက်စီး

တန့်ဆည်မြို့နယ်၊ သာဂရကျေးရွာနှင့် သာဂလကျေးရွာတို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးဒဏ်ရာရရှိပြီး နေအိမ် ၁၈ လုံးပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သာဂရကျေးရွာနှင့် သာဂလကျေးရွာတို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁၈ လုံးပျက်စီးခဲ့ ကြောင်း တန့်ဆည်မြို့နယ် ပကဖ က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၄...