မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် အမှတ် ၂၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးကို ဗုံးခွဲ တိုက်ခိုက်

မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် အမှတ် ၂၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးကို ဗုံးခွဲ တိုက်ခိုက်

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁

ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ် ၂၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း  Yangon Army (YA) ထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက္ကံမြို့သစ် ၊ အမှတ် ၂၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေး ရဲဘော်များက ပြင်း အားမြင့် မိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၂ လုံး တို့ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အခြေအနေ အသေးစိတ် သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူးနှင့် လူမိုက်အဖွဲ့ သည် တရားမ၀င်ရွေး ကောက်ပွဲ ကိစ္စများဆောင်ရွက်ခြင်း၊ လူငယ်လူရွယ်များကို ပေါ်တာဆွဲပြီး စစ်မှုထမ်းလိုအပ်သည့် နေရာများကို ရောင်းစား၍ လူကုန်ကူးခြင်းများလုပ်ဆောင်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေး ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင် ပကဖ တို့ ပူပေါင်းကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျား ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင်များ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သက်သော ပစ်မှတ်များ၊ အကြမ်းဖက် စစ်ကောင်စီပြုလုပ်မည့် တရားမ၀င်ရွေးကောက်ပွဲတွင် ပါ၀င်လုပ်ကိုင် နေကြသောသူများကို ဆက်လက်၍ အပြင်းအထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် မိဘပြည်သူများကို တောင်းပန်ပါကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့သူမြို့သား မိဘပြည်သူများကို ကျောက်မဲမြို့အား အကြမ်းဖက် စစ်အုပ်စုလက်ထဲသို့ ပြန်ပေးလိုက်ရသည့်အတွက် ဦးစွာ တောင်းပန်အပ်ပါကြောင်း၊...