Yangon News

Yangon News

ရန်ကုန်မြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်ရန်အတွက် UG နှစ်ဖွဲ့ပူးပေါင်းကာ စစ်ကြောင်းဖွဲ့စည်း

 

D Day News

မေလ ၂၂

 

ရန်ကုန်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနိုင်ရန်အတွက် ရန်ကုန်မြို့ပြပြောက်ကျား -UG အဖွဲ့ ၂ ဖွဲ့ပူးပေါင်းကာ  ရန်ကုန်မြို့ပြ စစ်ကြောင်း – Rangoon UG Column အဖြစ် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

 

ရန်ကုန်အ‌ခြေစိုက် Yangon Federal Army(Y.F.A)နှင့်God Of Death Army (G.O.D) မြို့ပြပြောက် ကြားတပ်ဖွဲ့ နှစ်ဖွဲ့သည် စစ်အာဏာရှင်တော်လှန်ရေး စတင်ချိန်မှ စ၍ ယခုချိန် အထိ တိုက်ပွဲဝင်ဆဲ ဖြစ်ပြီး အထူးကွန်မန်ဒို သင်တန်း အပတ်စဥ် ၁ သင်တန်း နှင့် အပတ်စဉ် ၂ သင်တန်း ပြီးဆုံးချိန်မှစ၍ တော်လှန်‌ရေးညီနောင်မဟာမိတ် နှစ်ဖွဲ့ပူးပေါင်းကာ Rangoon UG Column (RUC) အဖြစ်ပြောင်း လဲ ဖွဲ့စည်းလိုက်ကြာင်း သိရသည်။

“ယခင်ထက် ထိရောက်တဲ့ လှုပ်ရှားတွေအတွက် စစ်ကြောင်းဖွဲ့စည်းရခြင်းဖြစ်ပါတယ်။ ရန်ကုန်မြို့ သိမ်းတိုက်ပွဲတွေအတွက် အထူးရည်ရွယ်ဖွဲ့စည်းထားတဲ့ စစ်ကြောင်းပါ။ တိုင်းရင်းသား၊ လူမျိုး ဘာသာပေါင်းစုံပါဝင်ပါတဲ့ စစ်ကြောင်းလည်းဖြစ်ပါတယ်။ ယခင်ကထဲက ရန်ကုန်မြို့ပြမှာ နန်းထိုက် အောင် ၊ ပျံလွှားအောင် စတဲ့ စစ်ဆင်ရေးတွေနဲ့ ရှယ်ကြမ်းခဲ့တဲ့ Area 21 ရဲ့ အဖွဲ့ဝင်လည်းဖြစ်ခဲ့တဲ့ ရန်ငါးညီနောင်အဖွဲ့ဝင် UG ၂ ဖွဲ့ပေါင်းပြီး ဖွဲ့စည်းထားတဲ့ ပူးပေါင်းစစ်ကြောင်းမို့ ရန်ကုန်မြို့သိမ်း စစ် ဆင်ရေးတိုက်ပွဲကို အရှိန်အဟုန်နဲ့ မြှင့်တင်သွားမှာဖြစ်ပါတယ်” ဟု Rangoon UG Column (RUC) ပူးပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

Rangoon UG Column (RUC) ရန်ကုန်မြို့ပြစစ်ကြောင်းသည် (Yangon) ရန်ကုန်မြို့ သိမ်းတိုက်ပွဲ များအတွက် အထူးရည်ရွယ်၍ ဖွဲ့စည်းထားသော စစ်ကြောင်းဖြစ်ပြီး တိုင်းရင်းသား၊ လူမျိုးဘာသာ ပေါင်းစုံ ပါဝင်သောစစ်ကြောင်း ဖြစ်ကြောင်း၊ ရန်ကုန်မြို့သိမ်းတိုက်ပွဲများ သာမက ဖက်ဒရယ်ပြည် ထောင်စုတည်ထောင်ရေး၊ စစ်အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေးအတွက် ဘုံရည်ရွယ်ချက် တူညီ သော မည်သည့်တော်လှန်ရေးအဖွဲ့အစည်းများနှင့်မဆို အတူတကွပူးပေါင်းတိုက်ပွဲများ လည်း ဖော်ဆောင်သွားမည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

 

Rangoon UG Column (RUC) ရန်ကုန်မြို့ပြစစ်ကြောင်းအနေဖြင့် အထူးကွန်မန်ဒိုသင်တန်း အပတ် စဉ် ၃ အတွက် တပ်သားသစ်များခေါ်ယူလျက်ရှိပြီး အသက် ၁၈ နှစ်ပြည့်၍ ကျန်းမာရေး ကောင်းမွန် သူ၊ တော်လှန်ရေးပြီးဆုံးသည်အထိ တာဝန်ထမ်းဆောင်နိုင်သူ၊ စစ်ကြောင်းမှ ချမှတ်ထားသော စည် မျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူ၊ တိုင်းပြည်နှင့်‌ တော်လှန်ရေးအပေါ် သစ္စာစောင့်သိသူတို့ကို ရွေးချယ်ယူထားကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့အနီးပတ်ဝန်းကျင်ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကိုရင် ၂ ပါးအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရ

ဖားကန့်မြို့အနီးပတ်ဝန်းကျင်ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကိုရင် ၂ ပါးအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့အနီးပတ်ဝန်းကျင်နေရာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ကိုရင် ၂ ပါးအပါအဝင် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၆ ရက် ညပိုင်းက ဖားကန့်မြို့၊...