လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်မှု စစ်သားနှင့်အပေါင်း ပါများ ထိခိုက်မှုရှိပြီး လူနာ တင်ကားများ တန်းစီဝင်

လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်မှု စစ်သားနှင့်အပေါင်း ပါများ ထိခိုက်မှုရှိပြီး လူနာ တင်ကားများ တန်းစီဝင်

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၆

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ် သားနှင့်အပေါင်းများထိခိုက်မှုရှိပြီး လူနာတင်ကားများ တန်းစီဝင်သွားကြောင်း Yangon Army – YA ကထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့က လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံ ကို ရန်ကုန်မြို့ပြပြောက်ကျားရဲဘော်များက ပြင်းအားမြင့်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ပစ်မှတ်အား ထိရောက်စွာ ပေါက်ကွဲခဲ့ပြီး လူနာတင်ကားများ တန်းစီဝင်သွားကြောင်း၊ စစ်သားနှင့် အပေါင်းပါ ၅ ဦးခန့် သေဆုံးနိုင်သည်အထိ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ခန့်မှန်း ထိခိုက်မှုက အနည်းဆုံး ၄ ယောက် ၅ ယောက်လောက်ထိခိုက်နိုင်ပါတယ်။ တိုက်ခိုက်ပြီး နောက်ပိုင်း လူတင်ယာဉ်တွေ ဝင်လိုက်၊ ထွက်လိုက်လုပ်နေတယ်လို့ သတင်းရပါတယ်။ သေဖို့လည်း များပါတယ်” ဟု Yangon Army – YA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ယင်းရပ်ကွက်ရုံးသည် အကြမ်းဖက်မင်းအောင်လှိုင် လက်အောက်ခံ အုပ်ချုပ်ရေးမှူး အုပ်ကြီးနှင့် လူမိုက်အဖွဲ့များနေရာယူထားကာ တရားမ၀င်ရွေးကောက်ပွဲ ကိစ္စများ ဆောင်ရွက်ခြင်း ၊ လူငယ် လူရွယ်များအားပေါ်တာဆွဲပြီး စစ်မှုထမ်း လိုအပ်သည့်နေရာများအား ရောင်းစား၍ လူကုန်ကူးခြင်း တို့ လုပ်ဆောင်နေကြောင်း သိရသည်။

ထို့ကြောင့် Yangon Army – YA မြို့ပြပြောက်ကျားရဲဘော်များ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့်ပတ်သက်သောပစ်မှတ်များ၊ အကြမ်းဖက်စစ်ကောင်စီပြုလုပ်မည့် တရားမ၀င်ရွေး ကောက်ပွဲနှင့် ပတ်သက်ပြီး ပါ၀င်လုပ်ကိုင်နေကြသောသူများအား ဆက်လက်၍ အပြင်း အထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Yangon Army – YA ကထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ...