သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၁၅
ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံအနီးရှိ ထွေအုပ်ရုံးနှင့် ယာဉ်ထိန်းရဲရုံးတို့ကို လက်ပစ်ဗုံး များဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame စစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။
ယနေ့ စက်တင်ဘာလ ၁၄ ရက် နံနက် ၁ ၃၅ မိနစ်က မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံအနီး၊ ပင်လုံ လမ်း (စုပေါင်းရုံးလမ်း) ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနှင့် အမှတ် ၆ ယာဉ်ထိန်းရဲတပ် ဖွဲ့ရုံးတို့ကို မြို့ပြပြောက်ကျား ရဲဘော်များက လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
မြောက်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသည် အကြမ်းဖက်စစ်တပ် ၏ အတုအ ယောင်ရွေးကောက်ပွဲကို ဦးစီးဦးဆောင်ပြုလုပ်နေသော ရုံးတစ်ရုံးဖြစ်ပြီး အမှတ် ၆ ယာဉ်ထိန်းရဲတပ် ဖွဲ့ရုံးသည် ပြည်သူများအား မတရားဖမ်းဆီး ဆက်ကြေးကောက်နေကြသော တပ်ဖွဲ့ရုံး တစ်ခုဖြစ် သောကြောင့် Operation Flame – “Fire Power” အထူးစစ်ဆင်ရေး စစ်ရေးပစ်မှတ်များအဖြစ် တိုက် ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း အသိပေးထားသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ တပ်သားများ ထိခိုက်မှုရှိနိုင် ပြီး အသေးစိတ် အခြေအနေများအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Operation Flame ၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ နှင့် လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရ သည်။
Operation Flame အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်ဖော်ဆောင်မည့် အတုအယောင် ရွေး ကောက်ပွဲကို လုံးဝလက်ခံသွားမည် မဟုတ်ပဲ ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့်အတူ လက်တွဲ၍ အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media