အကြမ်းဖက်စစ်ကောင်စီကို ပိုမိုထိုးနှက်တိုက်ခိုက်နိုင်ရေးအတွက် ရန်ကုန်တိုင်း ပကဖ တာဝန်ခံများ စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေးပြုလုပ်

အကြမ်းဖက်စစ်ကောင်စီကို ပိုမိုထိုးနှက်တိုက်ခိုက်နိုင်ရေးအတွက် ရန်ကုန်တိုင်း ပကဖ တာဝန်ခံများ စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေးပြုလုပ်

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂

အကြမ်းဖက်စစ်ကောင်စီကို ပိုမိုထိုးနှက်တိုက်ခိုက်နိုင်ရေးအတွက် ရန်ကုန်တိုင်း ပကဖ တာဝန်ခံများ စစ်ဆင်ရေးဆိုင်အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ပကဖ အသံက တဆင့် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့က လွတ်မြောက်ဒေသတနေရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်ခဲ့ပြီး စစ်ဆင်ရေးဆိုင်ရာ၊ နယ်မြေနေရာချထားရေးဆိုင်ရာ၊ ရဲဘော် အင်အား ပြင်ဆင်ဖြည့်စွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို ရန်ကုန်တိုင်းပကဖဒုတာဝန်ခံ (စစ်ဘက်ရေးရာ)၊ တိုင်းဒုတာဝန်ခံ (ပြည်သူ့ ရေးရာ)၊ တိုင်းရေးတာဝန်ခံ၊ တိုင်းလေ့ကျင့်ရေးတာဝန်ခံ၊ တောင်ပိုင်းခရိုင်ဇုန် (၁) စစ်ဘက်ရေးရာ တာဝန်ခံ၊ တောင်ပိုင်းခရိုင်ဇုန် (၂) စစ်ဘက်ရေးရာတာဝန်ခံ၊ အနောက်ပိုင်းခရိုင် စစ်ဘက်ရေးရာ တာဝန်ခံ နဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁၊ ၂၊၄) စစ်ဘက်ရေးရာ တာဝန်ခံများ (၁၂) ဦး တို့ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ရန်ကုန်တိုင်း ပကဖ အဖွဲ့သည် စစ်ကောင်စီ၏ လေယာဉ်ဆီတင် သင်္ဘောတစီးကို ဖောက်ခွဲ တိုက် ခိုက်နိုင်ခဲ့သလို ထိုးဖောက်ဝင်ရောက်ရန် ခက်ခဲသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်းသို့လည်း ဝင်ရောက်ကာ မိုင်းခွဲ တိုက်ခိုက်ထားသည့် အဖွဲ့ တဖွဲ့ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် ပကဖ အဖွဲ့များ ကို စစ်ပုံကျပြီး စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်နှင့် ညီသည့် တပ်များဖြစ်လာစေရန်  NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက စနစ်တကျ တည်ဆောက် လျက်ရှိကြောင်း၊ စစ်ကောင်စီကို ပိုမို ထိုးနှက် တိုက်ခိုင်နိုင်ရေးအတွက်လည်း ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်/ကျေးအဆင့် အထိ အချက်အလက်အားလုံးရရှိထားပြီး အတုအယောင်ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်သူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု ထုတ်ပြန်

ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်/ကျေးအဆင့် အထိ အချက်အလက်အားလုံးရရှိထားပြီး အတုအယောင်ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်သူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု ထုတ်ပြန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၆ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံမြို့နယ်အုပ်ချုပ် ရေးမှူးမှ ရပ်/ကျေးအဆင့် အထိ အချက်အလက်အားလုံးရရှိထားပြီး အတုအယောင်ရွေးကောက်ပွဲ အား ပူးပေါင်းပါဝင်သူများကို ထိထိရောက်ရောက် အရေးယူသွားမည် ကျွန်းစုမြို့နယ်ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်သည်။ ကျွန်းစုမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကော်မရှင်လက်အောက်ရှိ မြို့နယ်မှ...