လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရုံးကို ပြင်းအားမြင့်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု ထိခိုက်မှုရှိ

လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရုံးကို ပြင်းအားမြင့်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု ထိခိုက်မှုရှိ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၃၁

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရုံးကို ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း Yangon Army တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဩဂုတ် ၃၀ ရက် ညနေ ၆ နာရီ ၅၀ မိနစ်က လှည်းကူးမြို့ နယ် ၊ အောင်မင်္ဂလာရပ်ကွက်ရှိ အကြမ်းဖက်မင်းအောင်လှိုင် လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံး၌ အုပ်ကြီးနှင့်လူမိုက်အဖွဲ့များ အဝင် အထွက် ပြုလုပ်နေစဉ် ပြင်းအားမြင့်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိပြီး နောက် ဆက်တွဲ အသေးစိတ်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ထိခိုက်မှုရှိတာတော့ ကြိမ်းသေတယ်။ မိုင်းကို ရုံးအဝင်အထွက် လမ်းမှာ တည်ပြီး ဆော်ခဲ့တာ၊ အဲဒီ ရုံးမှာက ဇိုးတွေများတယ်။ နောက်ဆိုရင် ကျနော်တို့ ဒီထက်ပိုလုပ်နိုင်အောင် UG မဟာမိတ်တွေနဲ့ ပေါင်းပြီး စီစဉ်နေပါတယ်” ဟု Yangon Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းရုံးအတွင်း၌ နေထိုင်သော အကြမ်းဖက်စစ်တပ်လက်အောက်ခံ အုပ်ကြီးနှင့်လူမိုက်အဖွဲ့သည် တရားမ၀င်ရွေးကောက်ပွဲ ကိစ္စများ ဆောင်ရွက်ခြင်း ၊ လူငယ်လူရွယ်များကို ပေါ်တာဆွဲပြီး စစ်မှု ထမ်း လိုအပ်သည့်နေရာများကို ရောင်းစား၍ လူကုန်ကူးခြင်းများ လုပ်ဆောင်နေသောကြောင့် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီနှင့်ပတ်သက်သော ပစ်မှတ်များ၊ အကြမ်းဖက်စစ်ကောင်စီပြုလုပ်မည့် တရားမ၀င်ရွေး ကောက်ပွဲနှင့် ပတ်သက်ပြီးပါ၀င်လုပ်ကိုင်နေကြသောသူများအား ဆက်လက်၍ အပြင်းအထန်တိုက် ခိုက်သွားမည်ဖြစ်ကြောင်း Yangon Army – YA က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုးကုတ်မြို့ကို အကြမ်းစစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၃ ဦး သေဆုံး၊ ကလေးအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရ

မိုးကုတ်မြို့ကို အကြမ်းစစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၃ ဦး သေဆုံး၊ ကလေးအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၁ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ပြည်သူ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၂၁ ရက် ညနေ ၂...